ဒီဇင်ဘာလ (၂၇)ရက်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်တပ်က ဒီဇင်ဘာလ (၂၈)ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁)ကို စောင့်ကြည့်လေ့လာဖို့ဆိုပြီး မနေ့က ရောက်ရှိလာတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ ဗဟိုရွေးကောက်ပွဲကော်မရှင်ဒုဥက္ကဋ္ဌလဲ နေပြည်တော်ကို ရောက်ရှိနေပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေး/ကော်ဥက္ကဋ္ဌနဲလတွေ့ဆုံခဲ့ပါသေးတယ်။
စစ်တပ်က လာမယ့် ဒီဇင်ဘာလ (၂၈)ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၁)၊ ဇန်နဝါရီလ (၁၁)ရက်မှာ အပိုင်း (၂)နဲ့ (၂၅)ရက်နေ့မှာ အပိုင်း(၃)ဆိုပြီး (၃)ပိုင်းခွဲကျင်းပဖို့ စီစဉ်နေတာပါ။
ဒါ့အပြင် မြို့နယ်ပေါင်း (၂၆၅)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
တဖက်မှာလဲ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချဆန့်ကျင်ဖို့ အရပ်ဘက်အဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။








