ဒီဇင်ဘာလ (၂၇)ရက်။
တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့ ဆိုပါတယ်။
ဒီလို စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပါဝင်ဆောင်ရွက်နေသူတွေရဲ့ ပိုင်ဆိုင်တာတွေကို ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းမယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ သူတို့ရဲ့ ပိုင်ဆိုင်တာတွေကို လွှဲပြောင်းတာ၊ ဝယ်ယူတာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။
နောက်ပြီး တမူးမြို့နယ်ထဲက ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ပါဝင်တာနဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ကူညီပံ့ပိုးတာတွေ လုံးဝမလုပ်ဖို့ နှိုးဆော်ထားပါတယ်။
အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတွေကို လိုအပ်သလို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။








