နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

ဇန်နဝါရီလ (၂၈)ရက်။

ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး ဘေးကနေ နှစ်ဖက်တပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေကြကာ လူမှုကွန်ရက်မှာလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာပါ။

“ ဒီနေ့ လူမှုကွန်ရက်ပေါ် တွေ့ရတာ KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေ လက်ဝှေ့ပွဲလို ထိုးကြိတ်ကြတာပေါ့၊ ဒါက နယ်မြေအငြင်းပွားတာကနေစဖြစ်တာလို့ သိရတယ်။ သေနတ်ကိုင်ထားတဲ့သူတွေက စိတ်လိုလက်ရ သေနတ်နဲ့မဖြေရှင်းဘဲ ဒီလို စိတ်ထိန်းနိုင်ပြီး လက်နက်အားမကိုးဘဲဖြေရှင်းတာပေါ့။ ဒါပေမယ့် တိုင်းရင်းသားအချင်းချင်း အချင်းများတာတော့ မကောင်းဘူး‌ပေါ။ အခုလို သွေးထွက်သံယိုမဟုတ်ဘဲ သေချာဆွေးနွေးဖြေရှင်းသင့်တဲ့ကိစ္စပါ” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က နံနက်(၉)နာရီခွဲကနေ (၁၁)နာရီခွဲကြား TNLA တပ်ဖွဲ့ဝင်တွေက KIA တပ်စွဲထားတဲ့ ဝန်ဒန်ကောင်စခန်း(၂)ကို ပြောင်းရွှေ့ဖို့ အင်အားအလုံးအရင်းနဲ့ ဖိအားပေးတာ‌ကနေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် TNLA ဘက်က မုံဝီးရွာအနီးတဝိုက်က ပလောင်ပြည်သူတွေကို စုဆောင်းပြီး အင်အားထပ်ဖြည့်ကာ နေ့လယ်(၁)နာရီခွဲအချိန်မှာ မုံးဝီး ဒိန်ယွန်းရွာက တပ်ဖွဲ့ဝင်(၂)ဦး ထိုးကြိတ်ခဲ့ကြတာပါ။

“ TNLA ဘက်က သူတို့ရှုံးရင် သူတို့တပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကနေ ပြန်ဆုတ်ပေးမယ်ပေါ့။ အဲ့ဒီလိုကနေ ထိုးကြိတ်ကြတာ။ အဲ့ဒီပွဲမှာ TNLA ဘက်က ရှုံးသွားပေမယ့် သူတို့ပြောထားသလို ပြန်ဆုတ်တာမျိုး မရှိဘူး” လို့ KPDF အရာရှိတစ်ဦးက ဒေသတွင်းသတင်းကို ပြောဆိုထားပါတယ်။

အဲ့ဒီထိုးကြိတ်ပွဲမှာ TNLA တပ်ဖွဲ့ဝင် ဒဏ်ရာရပြီး ပွဲရပ်နားခဲ့ပေမယ့် တပ်အင်အား ပြန်ဆုတ်ခွာတာမျိုး မရှိတဲ့အပြင် ညနေပိုင်းမှာ မုံးဝီးကျေးရွာက KIA ရဲ့ ပန်ကနိုင်းတိုက်နယ်ရုံးကို အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ရန်စခဲ့တယ်လို့ သိရပါတယ်။

နယ်မြေအငြင်းပွားတဲ့ကိစ္စတွေကို နှစ်ဖက်တပ်ဖွဲ့တွေ။အနေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ သမိုင်းသိသူတွေနဲ့ ရပ်မိရပ်ဖတွေကို ဖိတ်ကြားကာ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ကိုလဲ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက အကြံပြုပြောဆိုထားပါတယ်။

အခုလို နှစ်ဖက်တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွားတာကနေ စစ်ရေးတင်းမာလာပြီး တိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အပေါ် ‌ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြရတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က