နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆိပ်ဖြူမြို့ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီလ (၂၈)ရက်။

ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၅၀)မိနစ်အချိန်က ဆိပ်ဖြူမြို့ တညောင်လမ်းပိုင်းတနေရာမှာ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Caf-Spupdf ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကပစ(၂၁)က တပ်ကြပ်ကြီး အောင်ကြည်ဆန်းနဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း(၃)ဦး စားသောက်ဆိုင်ကနေ သောက်စားပြီးပြန်လာတဲ့အချိန် တားဆီးစစ်ဆေးတာကနေ ကိုယ်ထိလက်ရောက် ပြန်လည်ခုခံလို့ အဆုံးစီရင်ခဲ့ရတာ” လို့ ဆိုပါတယ်။

ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းဟာ Non-CDM ကျန်းမာရေးဝန်ထမ်း (၃)ဦးနဲ့အတု ဆုံဆည်းရာစားသောက်ဆိုင်ကနေ သောက်စားပြန်လာချိန် ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း ရဲဘော်တွေက တားဆီးစစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတားဆီးစစ်ဆေးချိန် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက အသာတကြည်စစ်ဆေးမခံဘဲ ပြန်လည်ခုခံကာ ရဲဘော်တွေကို ကိုယ်ထိလက်ရောက် ခုခံတာကြောင့် အဲ့ဒီနေရာမှာပဲ အဆုံးစီရင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းနဲ့အတူ ပါလာတဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း (၃)ဦးကို စစ်အာဏာရှင်လက်အောက် ဆက်မလုပ်ကြဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး အောင်ကြည်ဆန်းဆီကနေ ဖုန်းတလုံးနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေအပြင် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိခဲ့ပြီး ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း တပ်ခွဲ(၁၊၂၊၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ် မကြာမီ အသုံးပြုဖို့ရှိတဲ့ Y-8 လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ တွေ့ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 10 Views
ဇွန်လ (၂၄)ရက်။ စစ်ကောင်စီတပ်က မကြာမီ အသုံးပြုတော့မယ့် Y-8 ထောက်/ပို့လေယာဉ် (၂)စင်းကို တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar
မြန်မာသတင်း

ထီးလင်းမှာ နိုင်/ကျဉ်းတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရဲအချို့ ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 8 Views
‌ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့က ထီးလင်းမြို့မရဲစခန်းကနေ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

နွားထိုးကြီးမှာ မြို့သူမြို့သားတွေ အဓိကကိုးကွယ်တဲ့ ရှေးဟောင်းသမိုင်းဝင်ဘုရားကို စစ်ကောင်စီ ဗုံးကြဲ

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 9 Views
ဇွန်လ (၂၄)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁၂)နာရီ (၁၈)မိနစ်အချိန်က နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့က ရှေးဟောင်းသမိုင်းဝင်ဘုရားနဲ့ စေတီပုထိုးတွေ ပေါတဲ့မြို့ဆိုလဲမမှားပါဘူး။
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၉/စစ်ဆင်ရေးအနေနဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူအနေနဲ့ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ပွဲငယ်တွေဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်ခဲ့တာပါ” လို့
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ(ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 20 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့
မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 35 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။