နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်း

ဖေဖော်ဝါရီလ (၂၇)ရက်။

မကွေးတိုင်း စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့က မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းတဲ့ (၆)ဖွဲ့ဟာ ဒေါင်းစစ်အောင်(LPDF)၊ မင်းဘူးခရိုင် အမှတ်(၁)နဲ့ အမှတ်(၅)တပ်ရင်း၊ ဗမာ့တပ်တော် အမှတ်(၇၀၇)တပ်ရင်း၊ Slalin(LPDF)နဲ့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ (၆)ဖွဲ့ဟာ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ တော်လှန်ရေးအင်အားစု ပြိုကွဲစေတဲ့ အပြောအဆို အပြုအမူတွေ မလုပ်ဖို့ဆိုတဲ့အချက်အပါအဝင် စုစုပေါင်း (၁၃)ချက်ကိုလဲ စုပေါင်းလက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအချက်တွေထဲ တပ်ပေါင်းစုမှာပါဝင်တဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး၊ မူဝါဒတွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားပြီး ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ရာမှာ တပ်ပေါင်းစုအနေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ ပါဝင်ပါတယ်။

နောက်ပြီး တပ်ပေါင်းစု အချင်းချင်း ပြဿနာပေါ်ပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး တပ်ဖွဲ့ခေါင်းဆောင်တွေက အပြစ်ပေးအရေးယူဖို့နဲ့ ဘက်မလိုက်ဘဲ ကောမတီဖွဲ့ ‌ဆောင်ရွက်ဖို့ သဘောတူထားပါတယ်။

ဒါ့အပြင် တပ်ပေါင်းစုအဖွဲ့ဝင် ရဲဘော်တွေ ပြည်သူအပေါ် ခြိမ်းခြောက် ရိုင်းစိုင်းပြောဆိုတာ၊ အချင်းချင်း ခိုက်ရန်ဖြစ်တာ၊ ရပ်ရွာထဲ သေရည်သေရက်သောက်သုံးပြီး သေနတ်ဖောက်တာကို ထိရောက်စွာ အရေးယူမယ်လို့ အသိပေးထားပါတယ်။

မြို့နယ်အခြေစိုက် တိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ နယ်မြေစွဲစိတ်ဓါတ်တွေ မရှိဖို့အပါအဝင် အခုတာဝန်ယူထားတဲ့ အဖွဲ့ကသာ နယ်မြေတာဝန်ခံဖြစ်ကာ မြို့နယ်အခြေစိုက် လှုပ်ရှားမယ့်အဖွဲ့တွေရှိရင် နယ်မြေခံအဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်နဲ့သာ ညှိနှိုင်းဆွေးနွေးလက်ခံသွားမယ်ဆိုတဲ့အချက်လဲ ပါဝင်ပါတယ်။

ယာယီတည်းခိုနယ်မြေသစ်သွားဖို့ မဟာမိတ်အဖွဲ့တွေ လက်ခံထားရှိပါက ဖြစ်လာတဲ့ ကိစ္စတွေကို လက်ခံထားတဲ့အဖွဲ့က တာဝန်ယူဖြေရှင်းရမှာဖြစ်ပြီး စစ်ကူခေါ်တာနဲ့ စစ်ဆင်ရေးတွေ ပူးပေါင်းဖော်ဆောင်ရင် အဖွံ့တာဝန်ခံကို တိုက်ရိုက်ဆက်သွယ်ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 49 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ