ဖေဖော်ဝါရီလ (၂၇)ရက်။
ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ မြင်းခြံ (၁၈)ရပ်ကွက်က စကစအထိုင်ဂိတ်ကို ပြောက်ကျားစနစ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ စကစတပ်သား (၂)ဦး နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်” လို့ ဆိုပါတယ်။
မြင်းခြံမြို့ရှိ အမှတ်(၁၈)ရပ်ကွက်က စစ်ကောသ်စီအထိုင်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား (၂)ဦး နေရာမှာပဲ လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်တဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ MBT က ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ကောင်စီအထိုင်ဂိတ်ကို Myingyan Black Tiger(MBT)နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ BGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
