နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် ရုရှားသွားပြီး ပူတင်နဲ့ တွေ့သွားဖို့ရှိတယ်လို့ဆို

ဖေဖော်ဝါရီလ (၂၈)ရက်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ရှိနေတယ်ဆိုပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီခရီးစဉ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အဆင့်အနေနဲ့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မှာလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို သွားရောက်မယ့်ကိစ္စကို စစ်ကောင်စီက ထုတ်ပြန်တာမှာ အချိန်နဲ့ နေ့ရက် အတိအကျကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပြီး ရုရှားဝန်ကြီးချုပ်နဲ့ ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ခေါင်းဆောင်က နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေအပြင် ကဏ္ဍပေါင်းစုံမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံခရီးစဉ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အဖွဲ့‌ဝင်တွေ၊ ဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေ လိုက်ပါသွားမယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

စစ်‌တပ်အာဏာသိမ်းပြီးနောက်ပြီး ရုရှားဟာ စစ်ကောင်စီနဲ့ အရင်းနှီးဆုံး စီးပွားဖက်တွေ ဖြစ်လာခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ နှစ်ဖက်လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 4 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 20 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 37 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 47 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 50 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 37 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 50 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 32 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့