နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

ဇွန်လ (၂၈)ရက်။

စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေနဲ့ စနစ်တကျ ကုသခွင့်မရရှိပဲ ဆေးမီးတိုနည်းနဲ့ စစ်ကောင်စီခွင့်ပြုထားတဲ့ ဆရာဝန်နဲ့ ဆေးမှူးတွေကနေတဆင့်သာ ကုသခွင့်ပေးနေတာ”လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရောဂါဝေဒနာတွေမှာ သွား‌နဲ့ပတ်သက်တဲ့ ဝေဒနာ၊ နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာနဲ့ အသက်အရွယ်အရ သက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးဝေဒနာတွေကို ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကျဉ်းသားတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့ ‌မိသားစုနဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို မရရှိအောင် ပိတ်ပင်ခံထားရတဲ့ တစ်ဦးတည်းသော နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်ခန့်အကွာအဝေးမှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၄ခုနှစ် ဧပြီလလယ်မှာ ပူပြင်းတဲ့ နွေရာသီအပူချိန်တွေကြောင့်ဆိုပြီး နေပြည်တော်အချုပ်ထောင်ကနေ မင်းအောင်လှိုင်ရုံးထိုင်တဲ့နေရာနဲ့ မကွာဝေးတဲ့ နေရာတခုဖြစ်တဲ့ ကစထ(၆)မှာ အကျဉ်းချထားတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲကိစ္စတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် စိုးထွဋ်၊ ရာပြည့်၊ ထွန်းထွန်းနောင်နဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သန်းလှိုင်၊ သန်းထွန်းဦး၊ တေဇာကျော်၊ ဖုန်းမြတ်တို့ တာဝန်ခံရမယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီလိုတာဝန်ခံရမယ့်သူတွေထဲ အကျဉ်းဦးစီးဌာန ညွှန်ချုပ် မျိုးဆွေ၊ နေပြည်တော်အချုပ်ထောင်က ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် ဦးကျော်သူရ၊ ဦးစီးအရာရှိ ဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်မင်းထိုက်၊ ဦးစီးအရာရှိ သိင်္ဂီမြင့်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူး မေသူအောင်တို့ ပါဝင်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီလက်အောက်ခံ တရားရေးဌာနကနေ ထောင်ဒဏ် (၃၃)နှစ် ချမှတ်ခဲ့ပြီး စွဲဆိုထားတဲ့ အမှု (၄)မှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် အခုအချိန်အထိ ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ခံထားရပါတယ်။

အခုလိုအခြေအနေတွေအတွက် MPW အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားချုပ်နှောင်ထားတာ၊ အကျဉ်းသားအခွင့်အရေးပယ်ဖျက်တာနဲ့ စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်တာတွေ ပြုလုပ်ဖို့ ထည့်သွင်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 8 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 12 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 18 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 26 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 37 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက