ဇွန်လ (၂၈)ရက်။
မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
မှော်ဘီမြို့မရဲစခန်းရှိ အစောင့်ရဲတပ်သားတွေကို YA နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းကာ အဝေးထိန်းမိုင်း (၂)လုံးကို လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာတွေထဲ စစ်ကောင်စီရဲ့ ရဲတပ်သားတွေ ထိခိုက်တာတွေရှိတယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါ။
နောက်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်နေသူတွေလဲ သတိထားကြဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
