နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့

ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့

ဩဂုတ်လ (၂၈)ရက်။

ဩဂုတ်လ (၁၉)ရက်နေ့ကစပြီး ရေဖြူမြို့မှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ ညီနောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တိုက်ပွဲတွေက ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄ နဲ့ ၂၅ရက်တွေမှာ ဖြစ်တာ။ ရေဖြူမြို့ ကော့လှိုင်ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ညီနောင်တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တာ” လို့ ဆိုပါတယ်။

ကော့လှိုင်ရွာအနီး စစ်ကြောင်းထိုးလာတဲ့ ခလရ(၂၈၂)က အင်အား (၈၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ညီနောင်တပ်ဖွဲ့တို့ဟာ ဩဂုတ်လ တတိယအပတ်ထဲမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ ဩဂုတ်လ (၂၄)ရက်နေ့က မရမ်းချောင်းရွာကနေ မိုင် (၆၀)ရွာကို ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ညီနောင်တပ်ဖွဲ့တို့အကြား တရက်ထဲ တိုက်ပွဲ (၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲတွေမှာ ညီနောင်တပ်ဖွဲ့ရဲ့ ဒရုန်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေရှိခဲ့ပြီး စစ်တပ်ဘက်က (၃၆)ဦးထက်မနည်း သေဆုံးခဲ့သလို ခမရ(၄၀၉)က ဗိုလ်မှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေမှာ ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ PDF နည်းဗျူဟာ (၃၃)က ဒေါနစစ်ကြောင်း-၂(YGF)၊ ဒေါနစစ်ကြောင်း-၃(KBDF)အပြင် ရေးဘီလူးတပ်ရင်း၊ ABSDF တပ်ရင်း(၁)၊ ရေးသိန်းငှက်၊ ရာမညမွန်တပ်‌‌တော်(R.M.A)၊ MSDF၊ KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA)တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ရဲ့မွေးနေ့အတွက် NUG ဂုဏ်ပြုဆုတောင်းလွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 34 Views
နိုဝင်ဘာလ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အတွက် NUG က ‌ဂုဏ်ပြုဆုတောင်းလွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နွေဦးတော်လှန်ရေးအလှည့်ပြောင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 34 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၀) ဒီအပတ်မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူနှစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က CRPH က အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့
မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 54 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုမြို့အထွက် ပေကုန်းရွာရေတံခါးအနီးမှာ အင်အား (၅၀)လောက်နဲ့ လမ်းကင်းယူနေတဲ့ စခတွေကို
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 47 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အနေနဲ့ ‌တပ်တော်ဝင်တဲ့ အခမ်းအနားကို ၂၀၁၀ခုနှစ်ကစပြီး (၁၅)နှစ်တာကာလထဲ (၁၅)ကြိမ်တိုင်တိုင် ပြုလုပ်ကာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 50 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 50 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 45 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့