အောက်တိုဘာလ (၂၇)ရက်။
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မြို့မှာ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ့နေအိမ် (၅)လုံး၊ အဆောက်အဦး (၃)လုံး၊ ပြည်သူ (၃)ဦး သေဆုံးပြီး (၁၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်ဟာ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ကို ခွဲခြားတာမရှိဘဲ အဆုံးစွန်အထိ ရက်စက်ကြမ်းကြုတ်တာတွေ ကျူးလွန်နေတာကြောင့် လေကြောင်းရန် ကြိုတင်ကာကွယ်နိုင်မယ့် ကတုတ်ကျင်းတွေ ထပ်လုပ်ကြဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် ကန်ပက်လက်မြို့နယ်ထဲ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လူစုလူဝေးဖြစ်ပေမယ့် ဘယ်လိုပွဲမျိုးကိုမဆို လတ်တလောအချိန် ကျင်းပပြုလုပ်တာတွေ ရှောင်ရှားကြဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








