နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

အောက်တိုဘာလ (၂၈)ရက်။

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ အာဆီယံအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်စေဖို့ လုပ်ဆောင်ပေးတာမပြုဘဲ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ အလေးအနက် ထပ်လောင်းပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။

NUG အနေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး နိုင်ငံရေးအရ တရားဝင်ဆဲဖြစ်တဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

နောက်ပြီး ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁)မှာ ပြဋ္ဌာန်းထားတဲ့ “ တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းတာနဲ့ ရွေးကောက်ပွဲကျင်းပတဲ့” မူဘောင်အတိုင်း ရပ်တည်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုအခါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့်(၈)ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ(AFTA)ကို တော်လှန်ရေးအင်အားစုတွေ စုပေါင်းရေးဆွဲနေပြီး ဘုံနိုင်ငံရေးသဘောတူညီချက်တွေ ရရှိနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တဲ့ မြန်မာအရေး သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုပြီး မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ရေရှည်ပြေလည်စေမယ့် ငြိမ်းချမ်းတဲ့အဖြေကို ရှာဖွေနိုင်ဖို့ ဆက်လက်ကြိုးစားမယ်ဆိုတဲ့အပေါ် ကျေးဇူးတင်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်ကာလထဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က မြန်မာအရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး NUG၊ CRPH၊ NUCC၊ EROs၊ အတိုင်ပင်ခံကောင်စီတွေ၊ ဖက်ဒရယ်ယူနစ်ကိုယ်စားလှယ်တွေနဲ့ အခြားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်တာ၊ ဒီမိုကရေစီကို ထိန်းသိမ်းတာနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပယ်ချတာတို့ ပါဝင်တဲ့ ထုတ်ပြန်ချက်တစောင်ကို တော်လှန်ရေးအဖွဲ့ (၂၀)က လက်မှတ်ရေးထိုးကာ ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်တဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ ဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အလေးအနက်ထား စဉ်းစားဆောင်ရွက်ဖို့ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့