အောက်တိုဘာလ (၂၈)ရက်။
မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးဟာ ကျောက္ကာရွာ ရွှေဂူနီဘုရားဝန်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကနေ ပေါ်တာဆွဲခံရတာလို့ ဆိုပါတယ်။
သူတို့ဟာ Titans Force Monywa ရဲ့ အမှတ်(၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူတို့နဲ့အတူ MA-3 (၁)လက်၊ MA-11 (၁)လက်နဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အလင်းဝင်လာခဲ့တဲ့ စစ်မှုထမ်း (၂)ဦးဟာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားဆောင်ရွက်ပေးမယ်လို့ အသိပေးထားပါတယ်။
စစ်ကော်မရှင်တပ်သားတွေအနေနဲ့ စိတ်လုံခြုံမှု ခံစားချင်တာ၊ ပြည်သူ့မေတ္တာခံယူချင်ရင် အခုအချိန်ပဲ အလင်းဝင်ကြဖို့ မြို့နယ်ပကဖက တိုက်တွန်းထားတယ်လို့ သိရပါတယ်။








