နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

အောက်တိုဘာလ (၂၈)ရက်။

ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံးကာ မတရားအာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ အကြမ်းဖက်မှုနဲ့ အကျင့်ပျက်ချစားမှု ကြီးစိုးစေပြီး တိုင်းပြည်ရဲ့ အရင်းအမြစ်များစွာကို ပျက်ဆီးဆုံးရှုံးစေကာ စစ်အုပ်စု အာဏာတည်ဖို့ကိုသာ တဘို့ထဲကြည့်တဲ့ နွားလို ပြုကျင့်နေတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီရလဒ်အနေနဲ့ ပြည်သူ (၁၂)သန်းကျော်ဟာ ထမင်းငတ်နေတဲ့ တိုင်းပြည်၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လောင်းကစားတို့ စခန်းချရာတိုင်းပြည်၊ လုံခြုံမှုမရှိဆုံးနဲ့ နေ့တိုင်း အကြမ်းဖက်တာတို့နဲ့ ပြည့်နှင်နေတဲ့ တိုင်းပြည်တခုအနေနဲ့ သက်ဆင်းသွားတယ်လို့ ရေးသားထားပါတယ်။

အခုအခါ တိုင်းပြည်ကို ငရဲပမာ ရှုမြင်နေကြရပြီး စိတ်မချမ်းမေ့ဖွယ် မနေချင့်စဖွယ် တိုင်းပြည်ဖြစ်လာကာ ငရဲကြီး (၈)ထပ် အဝီစိအောက်ရောက်နေတဲ့ တိုင်းပြည်ကို ထပ်ပြီးနစ်မွန်းစေမယ့် အကြမ်းဖက်ပြုကျင့်မှုကြီးဟာ အတုအယောင်ရွေးကောက်ပွဲပဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလို အကြမ်းဖက်မယ့်ရွေးကောက်ပွဲကနေ တိုင်းပြည် အပြောင်းအလဲကို ဘယ်လိုမှ ဆောင်ကျဉ်းနိုင်မှာမဟုတ်ဘဲ အင်မတန် လူမဆန်တဲ့ စစ်ရာဇဝတ်မှုနဲ့ မတရားမှုပေါင်းစုံ ကျူးလွန်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်အုပ်စုက ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် တိုင်းပြည်ပေါ်ကို စစ်ကျွန်အရိပ်မဲကြီး ဆက်လက်ကြီးစိုးမယ့် မတရားမှု သရဖူဆောင်းထားတဲ့ စစ်အုပ်စု အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးရဲ့ စုပေါင်းအားနဲ့ သပိတ်မှောက် ဆန့်ကျင်ဖို့ GSCB က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့