နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

ဒီဇင်ဘာလ (၂၇)ရက်။

ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး ပြန့်နှံ့နေတာတော့ရှိတယ်။ အခုကတော့ ပူးပေါင်းတပ်တွေနဲ့ ဆက်တိုက်နေတုန်းပါ” လို့ နဂါးနက်စစ်ကြောင်း (Black Dragon Column) စစ်ကြောင်းမှူး ဗိုလ်တက်တူးက ဆိုပါတယ်။

စစ်တပ်ရဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာလ (၂၄)ရက်နေ့ကစပြီး တိုက်ခိုက်နေကာ စခန်းသိမ်းနိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတော့ ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာကို နေ့တိုင်းလိုလို ပြုလုပ်နေပြီး တော်လှန်ရေးတပ်တွေအနေနဲ့ ဗျူဟာကုန်းအနီးမှာသာ စစ်ရေးဖော်ဆောင်နိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီဖာပွန်ဗျူဟာစခန်းမှာ စစ်တပ်ရဲ့ ခမရ(၃၄၀)၊ (၃၄၁)နဲ့ စစ်ဆေးရုံ (၂၁)တို့ ပူးပေါင်းအထိုင်ချထားကာ စစ်အင်အား အများအပြားရှိတဲ့တပ်လို့ သိရပါတယ်။

ဒါ့အပြင် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဖာပွန်ရှိ ခလရ(၁၉)၊ ခမရ(၄၃၄)၊ စစန(၆၄၂)နဲ့ ကမမောင်းလမ်းပေါ်ရှိ တပ်စခန်း (၅)ခုထက်မနည်းကို ပြီးခဲ့တဲ့နှစ် မတ်လကုန်ပိုင်းမှာ သိမ်းပိုက်ထားပါတယ်။

အခုအခါ စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၂)အနေနဲ့ ကျင်းပမယ့် မြို့နယ်စာရင်းထဲမှာ ဖာပွန်မြို့လဲ ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို