နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ဒဏ်သင့်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ညွှန်ကြားထား

မတ်လ (၂၉)ရက်။

ငလျင်ဒဏ်သင့်တဲ့ နယ်မြေ‌တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖတွေကို ညွှန်ကြားထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ‌နယ်မြေထဲရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အစွမ်းကုန်ကူညီဖို့ ညွှန်ကြားထားပါတယ်။

နောက်ပြီး လိုအပ်ချက်တွေ၊ ဆောင်ရွက်ထားရှိတဲ့ အခြေအနေမှတ်တမ်းတွေကို သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်ကနေတဆင့် တင်ပြဆောင်ရွက်ဖို့ မှာကြားထားပါတယ်။

မနေ့က စစ်ကိုင်းမြို့ အနောက်မြောက်ဘက် (၁၆)ကီလိုမီတာအကွာမှာ (၇.၇)အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကာ အနက် (၁၀)ကီလိုမီတာမှာ ဗဟိုပြုလှုတ်ခတ်ခဲ့တဲ့ ဇောက်တိမ်အမျိုးအစားငလျင်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီငလျင်ဒဏ်ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနဲ့ တရုတ်တို့မှာ သက်ရောက်မှုတွေရှိခဲ့ပြီး စစ်ကိုင်း၊ မန္တလေးနဲ့ အနီးတဝိုက်မြို့တွေမှာ သာသနိကအဆောက်အဦတွေ၊ အမွေအနှစ် အဆောက်အဦတွေအပါအဝင် အဆောက်အဦအများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUG အနေနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးကြရတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းနဲ့ မိသားစုတွေနဲ့ ထပ်တူ လွန်စွာစိတ်ထိခိုက်ရကာ ပြန်လည်ထူထောင်ဖို့ကစ္စရပ်တွေမှာ ပြည်သူနဲ့အတူ ရပ်တည်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ဆောက်လက်စအဆောက်အဦ ပြိုကျပျက်စီးကာ မြန်မာအလုပ်သမားတွေအပါအဝင် ဆောက်လုပ်ရေးလုပ်သားတွေ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရတာကို ကြားသိရတဲ့အတွက်လဲ များစွာ စိတ်ထိခိုက်ရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာတိုင်းပြည်တွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငလျင်ဒဏ်ခံစားကြရတဲ့ မြန်မာပြည်သူလူထုကို  လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးပို့ကူညီကြဖို့ NUG က တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

ငလျင်ဘေးအန္တရာယ်နဲ့စပ်လျဉ်းတဲ့ ဆောင်ရန်၊‌ ရှောင်ရန်နဲ့ သတိပြုဖို့အချက်တွေကို လေ့လာဆည်းပူးထားပြီး အသက်အန္တရာယ်မထိခိုက်စေဖို့နဲ့ ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေဖို့အတွက် ပြင်ဆင်ဆောင်ရွက်ထားကြဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 29 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 21 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို