နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

သေဒဏ်အထိကျခံနိုင်တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကာကွယ်တဲ့ဥပဒေတရပ် စစ်ကောင်စီပြဋ္ဌာန်း

ဇူလိုင်လ (၂၉)ရက်။

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ထိန်းသိမ်းကာကွယ်တဲ့ဥပဒေကို စစ်ကောင်စီက မနေ့က ဇူလိုင်လ (၂၈)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေဟာ စစ်ဘက်ဆိုင်ရာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးကိစ္စတွေ၊ စစ်တပ်သုံးရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ဆိုင်တဲ့ နည်းပညာတွေ၊ ထုတ်လုပ်တပ်ဆင်တာ၊ သတင်းအချက်အလက်တွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလိုဥပဒေပြဋ္ဌာန်းတာဟာ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အထောက်အကူပြုဖို့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ အသုံးပြုပြီး လေ့ကျင့်ပေးတာနဲ့ လွှဲပြောင်းပေးတာတို့ကနေ ကာကွယ်ဖို့လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

ဥပဒေထဲ ကာကွယ်ရေးဝန်ထမ်းတွေအနေနဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကို တရားမဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်တာမပြုဖို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီက ပြဋ္ဌာန်းတဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ထိန်းသိမ်းကာကွယ်တဲ့ ဥပဒေမှာ အခန်း (၆)ခန်းပါဝင်ပြီး ဘယ်ကာကွယ်ရေးဝန်ထမ်းမဆို ဥပဒေချိုးဖောက်ရင် ထောင်ဒဏ် ဒါမှမဟုတ် သေဒဏ်အထိ ချမှတ်ဖို့ ရေးသားထားပါတယ်။

နောက်ပြီး ကာကွယ်ရေးဝန်ထမ်းဟောင်းတွေအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအနေနဲ့ လုပ်ကိုင်လိုပါက ကာကွယ်ရေးဝန်ကြီးဌာနထံ ခွင့်ပြုချက်လျှောက်ထားဖို့နဲ့ ဥပဒေမပြဋ္ဌာန်းခင်အချိန်မှာ လုပ်ကိုင်နေပါက (၆)လတာထဲ ခွင့်ပြုချက်လျှောက်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဥပဒေအရ စွဲဆိုတဲ့ ပြစ်မှုအတွက် တရားရုံးမှာ မှုခင်းဆောင်ရွက်ချိန် တရားလိုဘက်က နိုင်ငံရဲ့လုံခြုံရေးထိခိုက်စေနိုင်တဲ့အတွက် ပြည်သူတွေကို ဖယ်ရှားခိုင်းရင် တရားရုံးက အမိန့်ချမှတ်ဖို့နဲ့ ဘယ်လိုကိစ္စမဆို ပြစ်ဒဏ်စီရင်ချက်ကို အများပြည်သူရှေ့မှာ ချမှတ်ဖို့ ‌ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီက အခုလို ဥပဒေထုတ်ပြန်တာဟာ တပ်ဖွဲ့ဝင်အများအပြား တော်လှန်ရေးတပ်တွေဆီ အလင်းဝင်တာတွေ များပြားလာသလို တပ်ပြေးတွေ ရှိလာတာကြောင့် ပိုမိုတင်းကျပ်ပြီး ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “