နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ပြင်းထန်စွာရှုံ့ချ

ဩဂုတ်လ (၂၉)ရက်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)က မနေ့က ပြင်းထန်စွာရှုံ့ချထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးတာအတွက် IBHA အနေနဲ့ နှမြောဝမ်းနည်းကာ အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

TNLA က ဂုတ်ထိပ်တံတားကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး ဆက်လက်ပစ်ခတ်တာတွေ ပြုလုပ်နေကာ မဟာမိတ်တွေနဲ့ ညှိနှိုင်းပြီး ဂုတ်ထိပ်တံတားနဲ့ အနီးဝန်းကျင်ကို စက်မှုအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်အနေနဲ့ ကြေညာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဩဂုတ်လ (၂၄)ရက်နေ့မှာ ဂုတ်ထိပ်တံတား ဗုံးခွဲဖျက်ဆီးခံရပြီး TNLA ဘက်က နယ်မြေအမွေအနှစ်ပေါ် ချစ်ခင်မြတ်နိုးပြီး ပြုပြင်ထိန်းသိမ်းဖို့သာ ဆန္ဒရှိပြီး တားမြစ်ချက်ကို ကျူးလွန်တာမရှိဘူးလို့ ဖြေကြားထားကာ စစ်တပ်က စစ်ရေး၊ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ကျူးလွန်တာလို့ ရေးသားထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတားနဲ့ စွတ်လန်းတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကနေ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်တဲ့အကြိမ် (၂၃၁)ကြိမ်မှာ ရှေးဟောင်းအမွေအနှစ်နဲ့ သာသနိကအဆောက်အဦ (၂၃၁)ခု ပျက်စီးပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းတွေရှိ ကျေးရွာတွေကို မီးရှို့တာနဲ့ ပုဂံနယ်မြေထဲ လေကြောင်းပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်ကိုင်းတိုင်း လင်းတလူရွာဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း စကားပင်ရွာဘုန်းကြီးကျောင်း၊ မွန်ပြည်နယ် ချမ်းမြေ့စုဘုန်းကြီးကျောင်းအပါအဝင် မြောက်ဦးဒေသကို ဗုံးကြဲပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးတာနဲ့ လူအများအပြားကို သေဆုံးဒဏ်ရာရစေခဲ့တယ်လို့လဲ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်တွေရဲ့ အမွေအနှစ်တွေကို ပူးပေါင်းကာကွယ်သွားမယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 31 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို