နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြော

စက်တင်ဘာလ (၂၉)ရက်။

တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံး အနာဂတ်လှစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။

“ တိုင်းပြည်တည်ငြိမ်ဖို့၊ သာယာဝပြောဖို့၊ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့နဲ့ ပြန်လည်တည်ဆောက်ပေးဖို့ ဒါတွေပဲဖြစ်ပါတယ်။ အရှုပ်အထွေးတွေ၊ အချိုး‌အကွေ့တွေနေရာမှာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ ထမ်းဆောင်ခဲ့တဲ့ တာဝန်ဝတ္တရားတွေရဲ့ အတွေ့အကြုံ၊ စဉ်ဆက်မပြတ် လေ့လာနေတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရ ဒီပြဿနာတွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့စီမံချက်တွေ ရှိပါတယ်” လို့ သူက လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုခဲ့ပါတယ်။

နိုင်ငံမှာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတ္တနိုင်ငံရေးသမားတွေရဲ့ အတွေအခေါ်တွေကြောင့် ပဋိပက္ခတွေကြားမှာ လူသားအားလုံးရဲ့ အနာဂတ်တွေ၊ မျှော်မှန်းချက်တွေ၊ ကြောက်လန့်တုန်လှုပ်မှု စတာတွေဟာ အချိန်ကာလတခု ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

အခုနှစ်ကုန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အဲ့ဒီအခြေအနေတွေ အားလုံးကို အဆုံးသတ်ပေးနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ပြီး နားထောင်ကောင်းရုံ ဆောင်ပုဒ်တွေကို ရွတ်ပြနေရမယ့်အစား တကယ်အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ရလဒ်တွေကို အချိန်ကန့်သတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းစဉ်တွေကို အကောင်ထည်ဖော်နိုင်ဖို့ အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ အပြည့်အဝရှိပြီး သူတို့ကို အကူအညီပေးနိုင်တဲ့ အဖွဲ့တွေနဲ့ အထောက်အကူပြုအဖွဲ့တွေ အခိုင်အမာရှိကာ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ထပ်မံပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဦးရေ (၁၀၀၀)ကျော် စာရင်းပေးထားပြီး စစ်တပ်ဘက်ကလဲ မင်းအောင်လှိုင်အမိန့်နဲ့ ပါတီထဲ အမည်စာရင်းပေးခံထားရတာဖြစ်ပါတယ်။

စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီဟာ စစ်ယူနီဖောင်းကနေ အရပ်ဝတ်ကိုပြောင်းတဲ့ ၂၀၁၀ရွေးကောက်ပွဲမှာသာ အနိုင်ရခဲ့ပြီး NLD ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူရဲ့ ထောက်ခံမဲမရဘဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတဲ့ ပါတီတခုလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 27 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို