နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေ ထုတ်ပြန်

အောက်တိုဘာလ (၂၉)ရက်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ‌ရွေးကောက်ပွဲကို ‌အားပေးကူညီပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့် အနုပညာရှင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။

သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုရဲ့ အသက်အိုးအိမ်ကို မီးရှို့သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို စစ်ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်အောင် အားပေးအားမြောက်ပြုလုပ်နေတဲ့ အညံ့စား၊ အဖျင်းစား ဝါဒဖြန့် အနုပညာရှင်တွေလို့ ဆိုပါတယ်။

ရန်ကုန်-UG တွေရဲ့ သတိပေးတာခံရတဲ့ အနုပညာရှင်တွေဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့် ဇာတ်လမ်းတိုမှာ ပါဝင်ခဲ့တဲ့ နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လတ်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံချီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး စတဲ့ အနုပညာရှင်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး လူထုနဲ့ နိုင်ငံအပေါ် ပျက်ရယ်ပြုစော်ကားတဲ့ အညံ့သား၊ အဖျင်းစား ဝါဒဖြန့် အနုပညာရှင်တွေကို Boycott နဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာကို ပြင်းပြင်းထန်ထန် ပြုလုပ်ဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူက တာဝန်ကျေသလို ရန်ကုန်မြို့ပြပြောက်ကျားတွေအနေနဲ့ ဝါဒဖြန့်အနုပညာရှင်တွေရဲ့ အချက်အလက်တွေကို ရရှိထားပြီး လူထုနဲ့ အရေးတော်ပုံကို စော်ကားခဲ့တဲ့ သူတို့ရဲ့ နောက်ဖြစ်လာမယ့် ကိစ္စရပ်တွေကို ပြည်သူ့တရားစီရင်ခန်းအနေနဲ့ သတ်မှတ်ကာ ပြင်းပြင်းထန်ထန် စတင်အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

အခုလို သတိပေးတာကို ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတွေဖြစ်တဲ့ Yangon Army(YA)၊ Dark Shadow၊ Operation Flame(OF)၊ Mother Son Yangon Force နဲ့ Broken System တို့က ထုတ်ပြန်ထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့