နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်ရှိ ရှင်မုတ္တီးရွာ ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီတပ်သား (၅)ဦးထက်မနည်းသေဆုံးပြီး (၄)ဦးဖမ်မိခဲ့

ဇန်နဝါရီလ (၃၀)ရက်။

မနေ့က နေ့လယ်(၂)နာရီခန့်က ထားဝယ်ခရိုင် ရှင်မုတ္တီးရွာရှိ စစ်ကောင်စီရဲ့ ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်းတိုက်ပွဲထဲ (၅)နာရီခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား (၅)ဦးထက်မနည်းသေဆုံးကာ (၄)ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံက ငါးကြင်းမြီး (၁)လက်၊ MA-4 တစ်လက်၊ MA-3 (၃)လက်၊ MA-2 (၁)လက်၊ MA-1 (၄)လက်၊ (၆၀) ကွန်မန်ဒို စိန်ပြောင်း(၁)လက်၊ (၁၄)နင်းမိုင်း (၄)လုံး၊ လက်ပစ်ဗုံး(၄)လုံး၊ လိပ်ခုံးမိုင်း(၅)လုံး၊ လက်ကိုင်ဖုန်း (၈)လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

စစ်ဆင်ရေးကို ဒူကရစစ်ကြောင်း ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့(FPF)နဲ့ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ(၁)တို့ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတွေကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးသတိပြု သွားလာနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အတူ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံကာ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 26 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 23 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး
မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
ဇွန်လ (၁၄)ရက်။ NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပဋိပက္ခဖန်တီးသူတွေကို တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
ဇွန်လ (၁၄)ရက်။ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းပဋိပက္ခ ဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကော်သူးလေနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီကနေ့ဟာ
မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 26 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်ထဲ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရသူဟာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 21 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-ASHO အနေနဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)အနီး မီတာ
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 20 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 23 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို