မေလ (၃၀)ရက်။
ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး မိုးဗြဲမြို့ထဲတနေရာမှာ အမျိုးသားတစ်ဦး သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ကာ အသက် (၂၀)ကျော်အရွယ်ရှိ အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကနေ ဘေးကင်းစေဖို့အတွက် အရေးတကြီး မလိုအပ်ပါက မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတာ မလုပ်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

