ဇွန်လ (၃၀)ရက်။
မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က တံတားဦးတက်ကနေ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ၊ အဲ့ဒီမှာ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို ဂျက်ဖိုက်တာတစီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ စကစရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ သေဆုံးသွားတဲ့ အမျိုးသမီးဆို ရုပ်အလောင်းတောင်မကျန်ခဲ့ဘူး။ အရိုးနဲ့ အသားစတွေပဲ ကျန်ခဲ့တာ။ နောက်ပြီး နေအိမ် (၃)လုံးလဲ ပျက်စီးခဲ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ နေအိမ် (၃)လုံး ပျက်စီးခဲ့ကာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ဝေးရာမှာ နေကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့ ပုန်းခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင်ပကဖက နှိုးဆော်ထားတယ်လို့ သိရပါတယ်။
