နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

ဇူလိုင်လ (၃၀)ရက်။

ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ ဥပဒေပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး (၁၄)ဦးနဲ့ ဖွဲ့စည်းဖို့ ဥပဒေထဲ ညွှန်ကြားထားပါတယ်။

အဲ့ဒီကော်မတီက လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်နဲ့ မူဝါဒချမှတ်တာ၊ သက်ဆိုင်ရာနယ်မြေတွေမှာ လုံခြုံရေးကော်မတီတွေ အဆင့်ဆင့်ဖွဲ့စည်းတာနဲ့ လုံခြုံရေးထိပါးစေနိုင်တာတွေကို စောင့်ကြည့် အရေးယူတာတို့ကို လုပ်ဆောင်ဖို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီပြဋ္ဌာန်းထားတဲ့ ဥပဒေထဲမှာ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ဘယ်လိုနည်းနဲ့မှ မလုပ်ဖို့အပါအဝင် မဲဆန္ဒရှင်တွေ၊ မဲရုံအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဟန့်တား နှောင့်ယှက် နာကျင်တာတွေ မလုပ်ဖို့ တားမြစ်ထားပါသေးတယ်။

ဒါ့အပြင် မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အဖွဲ့ခွဲရုံးနဲ့ မဲရုံတွေကို ဖျက်ဆီးတာနဲ့ ပျက်စီးအောင် မလုပ်ဖို့တို့ ပါဝင်ပါတယ်။

အခုလို တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး (၁၀)နှစ်ကနေ ထောင်တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားသလို လူသေဆုံးတာရှိခဲ့ရင် သေဒဏ်ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဥပဒေပြဋ္ဌာန်းတာတွေနဲ့ အသည်းအသန် ပြင်ဆင်နေကာ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဲ့ဒီရွေးကောက်ပွဲမှာ မပါဝင်ဘဲ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို