နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

ဇူလိုင်လ (၃၀)ရက်။

ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။

“ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့ လူ(၆)ဦးရောက်လာပြီး ဓါးပြတိုက်သွားတာ။ ဆီလာဖြည့်တဲ့ ကားတစ်စီး၊ ဆိုင်ကယ်တွေနဲ့ ရွှေငွေတွေ ပါသွားတယ်ကြားတယ်” လို့ ဆိုပါတယ်။

Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့ လူ (၆)ဦးက ဓါးပြတိုက်ခဲ့ရာ ဆိုင်ဝန်ထမ်းတွေဆီက လက်ကိုင်ဖုန်း (၄)လုံး၊ ရွှေနားကပ် (၂)ရံ၊ ဆိုင်ကယ် (၂)စီး၊ ငွေကျပ် (၅)သိန်းနဲ့ ဆီဖြည့်ဖို့လာတဲ့ ကားတစ်စီးတို့ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Denko ဆီဆိုင် ဓါးပြတိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF အဖွဲ့က ပြုလုပ်တာလို့ စွပ်စွဲပြောဆိုထားသလို ဖြစ်စဉ်ထဲ ဆိုင်မန်နေဂျာနဲ့ ဒုမန်နေဂျာ (၂)ဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်က လိုက်လံရှင်းလင်းချိန် ဆီဆိုင်နဲ့ (၅)မိုင်အကွာ ကန်ပေါက်အရှေ့ရွာနဲ့ ကျောက်ကန်ရွာကြားမှာ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး PDF (၂)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်ဆိုပြီးလဲ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် ဖြစ်စဉ်ထဲ ဖမ်းဆီးခံရသူတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့နဲ့ ကျူးလွန်သူတွေကို ဖမ်းမိဖို့အပြင် ယူဆောင်သွားတဲ့ ပစ္စည်းတွေကို ပြန်လည်ရရှိဖို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဓါးပြတိုက်မှုဖြစ်ပွားခဲ့တဲ့ Denko ဆီဆိုင်ဟာ ညောင်ဦးမြို့အထွက်မှာရှိပြီး (၈)မိုင်ခန့်အကွာ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်း တောင်ဇင်းရွာအနီးမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာပါ။

အခုလို ဓါးပြတိုက်လုယက်မှု ကျူးလွန်တာတွေကို စစ်ကောင်စီဘက်က PDF တွေလုပ်တာဆိုပြီး မကြာခဏ စွပ်စွဲတာတွေရှိပေမယ့် ကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက် ဖမ်းဆီးနိုင်တာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “