စက်တင်ဘာလ (၃၀)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချတိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။ အခု မြို့ထဲမှာပါ ပစ်ခတ်သံတွေ ကြားရတယ်” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ကျောက်မဲမြို့ထဲ မီးလောင်ဗုံး ကြဲချတိုက်ခိုက်တာတွေကြောင့် ရဲစခန်း၊ သစ်တောရုံးနဲ့ ကြံ့ခိုင်ရေးရုံး စတဲ့နေရာတွေမှာ မီးလောင်နေပြီး မြို့ထဲ ပစ်ခတ်သံတွေကြားရတယ်လို့ သိရပါတယ်။
နေ့လယ်ပိုင်းအချိန်မှာတော့ စစ်တပ်ဟာ ကျောက်မဲမြိုထဲကို ထိုးဖောက်ဝင်ရောက်နေပြီး TNLA ဘက်ကလဲ ဆက်လက်ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောက်မဲမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ (၁)လခွဲကျော်ကြာမြင့်နေပြီဖြစ်ပြီး သက်ဆိုင်ရာတပ်ဖွဲ့တွေကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
ကျောက်မဲမြို့ကို TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
