နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

နိုဝင်ဘာလ (၃၀)ရက်။

မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။

အခုလို မန္တလေးဒေသရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတရပ်လုံးရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုတို့ရဲ့ ရလဒ်အနေနဲ့ အုပ်ချုပ်ရေးကောင်စီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းသစ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး NUG အနေနဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီမူတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ ပံ့ပိုးတာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးကောင်စီအနေနဲ့ မန္တလေးဒေသရှိ ပြည်သူ့ဆန္ဒနဲ့အညီ ပေါ်ထွန်းလာတဲ့ ကောင်စီတရပ်ဖြစ်တာကြောင့် ပြည်သူတွေနဲ့ လက်တွဲညီညာ ဝိုင်းဝန်းပူးပေါင်းပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်ရေးဌာနကြီး ဥက္ကဋ္ဌအနေနဲ့ ဦးမြင့်အောင်မိုးနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနကြီး ဒုဥက္ကဋ္ဌအနေနဲ့ ဦးအောင်မျိုးလတ်အပါအဝင် ဌာနကြီး (၈)ခုနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 8 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 9 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 9 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 34 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 43 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့