နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ

မတ်လ (၃၁)ရက်။

မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အထူးအရေးပေါ်အစည်းအဝေးမှာ မြန်မာနဲ့ ထိုင်းတို့မှာ ပြင်းထန်တဲ့ငလျင် ဖြစ်ပွားပြီးနောက် ငလျင်ဘေးသင့်ရာဒေသတွေမှာ လူသားစာနာမှုအကူအညီတွေ ပေးအပ်ဖို့၊ ကူညီကယ်ဆယ်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြုလုပ်နိုင်ဖို့ ကျင်းပတာလို့ ဆိုပါတယ်။

စစ်ကောင်စီဝန်ကြီးဟာ အစည်းအဝေးတက်ရောက်ချိန် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံကို သူ့ရဲ့နောက်ခံအနေနဲ့ အသုံးပြုထားတာကိုလဲ ထုတ်ပြန်ထားတဲ့သတင်းဓါတ်ပုံမှာ တွေ့ရှိရပါတယ်။

အစည်းအဝေးထဲ စစ်ကောင်စီဝန်ကြီးက မြန်မာမှာ သဘာဝအန္တရာယ်သက်ရောက်တာတွေကနေ ကူညီကယ်ဆယ်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသူတွေကို ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ပြင်းအားမြင့်ငလျင်နဲ့ ဆက်စပ်တဲ့ ငလျင်ငယ် (၁၇)ကြိမ်ကျော်ကို ကြုံတွေ့နေရပြီး အခုအခါ ပျောက်ဆုံးနေသူတွေ ရှာဖွေကယ်ဆယ်ဖို့နဲ့ ယာယီနေထိုင်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်တာတွေအတွက် အဓိက အကူအညီ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြိုကျပျက်စီးတာမရှိတဲ့ အဆောက်အအုံတွေကို အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ဖို့ကို ဆန်းစစ်တာနဲ့ ပြင်ဆင်ဆောက်လုပ်တာတွေကို ဆောင်ရွက်မှာဖြစ်တာကြောင့်လဲ ဝိုင်းဝန်းပူးပေါင်းကူညီဖို့ ‌စစ်ကောင်စီက မေတ္တာရပ်ခံခဲ့ပါသေးတယ်။

အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက မြန်မာနဲ့ ထိုင်းတို့မှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေအပေါ် များစွာ စာနာ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို အရေးပေါ်အခြေအနေ ကြုံတွေ့နေရတဲ့အချိန်မှာ အာဆီယံအနေနဲ့ စည်းလုံးညီညွတ်ကြဖို့နဲ့ လူသားစာနာမှုအကူအညီတွေ ပံ့ပိုးတာတွေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့