ဇူလိုင်လ (၃၁)ရက်။
ကာ/လုံအစည်းအဝေးကနေ စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ ကနဦးထုတ်ပြန်ခဲ့ရာမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်ဖွဲ့စည်းတယ်ဆိုပြီး ပြောဆိုထားတာပါ။
စစ်ကောင်စီ ဖွဲ့စည်းဖို့ မေ့ကျန်ခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းတယ်ဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးနေရာအတွက် ဒေါ်ချောချောစိန်ကို ခန့်အပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပြည်ထောင်စုအစိုးရအဖွဲ့ကို စစ်ကောင်စီက ဒီကနေ့ နံနက်ပိုင်းမှာကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ညိုစောကို ဝန်ကြီးချုပ်အနေနဲ့ တာဝန်ပေးအပ်ထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ အစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဖို့ မေ့ကျန်ခဲ့တဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေလဲ မြင့်တက်နေပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ညိုစော ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံလုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
