ဧပြီလ (၁)ရက်။
မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့ဒီမှာ စစ်တပ်ရဲ့ စခန်းတဲ (၃)လုံးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းဟာ သာယာကုန်းနဲ့ ခြံကြီးကြားမီးရထားလမ်း (၁၄၆)တံတားမမှာ အခြေချနေထိုင်တဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်တပ်ဂိတ်စခန်းကို KNLA တပ်ရင်း(၉) တပ်ခွဲ(၃)က ဦးဆောင်ပြီး ပူးပေါင်းစစ်ကြောင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းတဲ (၃)လုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က အရာရှိ (၁)ဦးအပါအဝင် တပ်သား (၅)ဦး သေဆုံးကာ လက်နက်ငယ် (၆)လက်နဲ့ ကျည်မျိုးစုံ (၂၃၀)တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ အသိပေးထားချက်အရ သိရပါတယ်။








