ဖေဖော်ဝါရီလ (၂)ရက်။
မွန်အမျိုးသားတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲ အတင်းသွင်းနေပြီး စစ်သင်တန်းပေးကာ လူသတ်စစ်မြေပြင်ကို နေ့တိုင်း ပို့ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်မှုထမ်းဥပဒေဟာ လူဦးရေနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် မျိုးတုန်းသတ်ဖြတ်တာလို့ ရေးသားထားပါတယ်။
ဒီနေ့ခေတ်မှာ မွန်လူမျိုးရဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ မွန်ပြည်ထူထောင်ရေး တော်လှန်ရေးအရှိန်အဟုန်မှာ မြင့်တက်နေပြီလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြည်တွင်းပြည်ပ မွန်အမျိုးသားချစ်ပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မွန်အမျိုးသားတွေနဲ့ မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်တာ ဒါမှမဟုတ် သွယ်ဝိုက်ကူညီဖို့ MSFC က ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။








