နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကတိတစ်ခု ပေးခဲ့သည်၊၊ ယင်းမှာ တစ်နှစ်အတွင်း ရွေးကောက်ပွဲများကျင်းပ၍ အရပ်သားအုပ်ချုပ်ရေးထံ ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်သည်၊၊

ထိုကတိကို ဖြည့်ဆည်းရန် သူ၏ငါးနှစ်တာ အချိန်ယူခဲ့ရသည်၊၊

ယနေ့တွင် အသစ်ရွေးကောက်ခံရသော လွှတ်တော်က သူ့ကို နောက်တက်မည့် သမ္မတအဖြစ် ရွေးချယ်လိုက်သည်၊၊ မင်းအောင်လှိုင်သည် သမ္မတရာထူးကို မယူမီ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လိုအပ်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အနားယူခဲ့ပြီးဖြစ်သည်၊၊

သို့သော် ဤသည်မှာ အမည်ခံအရပ်သားအုပ်ချုပ်ရေးသာ ဖြစ်သည်၊၊

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် လွှတ်တော်သည် သူ၏ လူယုံတော်များနှင့် ပြည့်နှက်နေသည်၊၊ တပ်မတော်အတွက် အမတ်နေရာ လေးပုံတစ်ပုံကို အာမခံချက်ပေးထားခြင်း၊ စစ်တပ်၏ကိုယ်ပိုင်ပါတီဖြစ်သော USDP က ၎င်းတို့ဘက်သို့ အသာစီးရအောင် ဖန်တီးထားသည့် ရွေးကောက်ပွဲတွင် ကျန်ရှိသောနေရာများ၏ ၈၀ ရာခိုင် နှုန်း နီးပါး အနိုင်ရရှိထားခြင်းတို့ကြောင့် ဤရလဒ်သည် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်၊၊ ဤသည်မှာ ရွေးကောက်ပွဲထက် ဘိသိက်ခံပွဲနှင့် ပိုတူနေသည်၊၊

အစိုးရသစ်ကို ဖွဲ့စည်းသည့်အခါတွင်လည်း စစ်ဘက်မှပုဂ္ဂိုလ်များကသာ လွှမ်းမိုးထား နိုင်ခြေ ရှိသည်၊၊ မင်းအောင်လှိုင်သည် သူ၏နေရာတွင် တပ်မတော်အကြီးအကဲအဖြစ် သူ၏သစ္စာရှိ မဟာမိတ်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကျော်သည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အစားထိုးခန့်အပ်ရန် သေချာအောင် လုပ်ဆောင်ခဲ့သည်၊၊

၎င်းအပြင် သူသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာကိစ္စရပ်များအပေါ် အမြင့်ဆုံးအာဏာကို ကျင့်သုံးမည့် အကြံပေးကောင်စီသစ်တစ်ခုကိုလည်း ဖွဲ့စည်းခဲ့သည်၊၊ သူသည် စစ်ဝတ်စုံကို ချွတ်လိုက်သော်လည်း သူ၏အာဏာ လျော့ပါးမသွားစေရန် သေချာအောင် လုပ်ဆောင် နေခြင်း ဖြစ်သည်၊၊

ကျော်ဝင်း (အမည်ရင်းမဟုတ်) ကဲ့သို့သော တက်ကြွလှုပ်ရှားသူ လူငယ်များအတွက်မူ ပြောင်းလဲမှုအတွက် မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်၊၊ သူသည် ကျောင်းသားဘဝ ၂၀၂၂ ခုနှစ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လျှပ်တစ်ပြက်ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်မကျမီ တစ်ပတ်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်၊၊ သူသည် မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်၊၊

“သူတို့ ကျွန်တော့်ကျောကုန်းကို သံတုတ်နဲ့ ရိုက်တယ်၊၊ စီးကရက်နဲ့ တို့တယ်၊၊ ပေါင်ကို ဓားနဲ့ လှီးတယ်၊၊ ပြီးတော့ အတွင်းခံဘောင်းဘီအထိ ချွတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက် ကြတယ်၊၊ ကျွန်တော့်ကို စစ်မေးတယ်၊ ဒါပေမဲ့ သူတို့ ကျွန်တော့်ဆီက ဘာစကားကြားချင် နေတာလဲဆိုတာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မရှိခဲ့ဘူး”

တက်ကြွလှုပ်ရှားသူများက တော်လှန်ရေးဟု ခေါ်ဆိုကြသော လုပ်ငန်းစဉ် အပေါ် သူ၏ ခံယူချက်မှာ မပြောင်းလဲသော်လည်း မြန်မာနိုင်ငံအတွင်းမှနေ၍ ဘာမျှမလုပ်နိုင်တော့ဟု သူခံစားရသည်၊၊ ထို့ကြောင့် နိုင်ငံပြင်ပတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် သူစီစဉ်နေသည်၊၊

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ငါးနှစ်တာကာလသည် မြန်မာနိုင်ငံအတွက် ကပ်ဘေး တစ်ခုဖြစ်ခဲ့သည်၊၊

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အား နောက်ထပ် သက်တမ်းတစ်ခုအတွက် လွှတ်တော်က အတည်ပြုရန် ပြင်ဆင်နေချိန်တွင် အာဏာသိမ်း လိုက်ခြင်းကြောင့် ပြည်သူများ၏ ဒေါသကို မည်မျှလှုံ့ဆော်မိမည်ကို သူသည် အကြီးအကျယ် မှားယွင်းတွက်ချက်ခဲ့ပုံရသည်၊၊

တစ်နိုင်ငံလုံးအနှံ့ ပေါက်ဖွားလာသော အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲများကို သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းရန် သူ၏ဆုံးဖြတ်ချက်သည် လူပေါင်းထောင်ချီ သေဆုံးခြင်း၊ သန်းနှင့်ချီသော ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် စီးပွားရေး ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည့် ပြည်တွင်း စစ်ကို မီးမွှေးလိုက်ခြင်း ဖြစ်သည်၊၊

စစ်ကောင်စီသည် နိုင်ငံ၏ နယ်မြေအကျယ်အဝန်း အတော်များများကို လက်နက်ကိုင် တော်လှန်ရေး အင်အားစုများထံ လက်လွှတ်လိုက်ရသည်၊၊ ယင်းကို လက်စား ချေသည့် အနေဖြင့် အတိုက်အခံများ ထိန်းချုပ်ထားသော ကျေးရွာများရှိ စာသင်ကျောင်း၊ နေအိမ်နှင့် ဆေးရုံများကို လေကြောင်းအင်အားသုံး၍ ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည်၊၊

ဤသည်မှာ မြန်မာစစ်တပ်က ကျင့်သုံးနေကျ “ဖြတ်လေးဖြတ်” စစ်ဗျူဟာဖြစ်ပြီး တော်လှန်ရေး အဖွဲ့များကို ထောက်ပံ့နေသော လူ့အဖွဲ့အစည်းများကို ပျက်စီးစေရန် ရည်ရွယ် ခြင်းဖြစ်သည်၊၊ တရုတ်နှင့် ရုရှားတို့၏ အကူအညီဖြင့် စစ်ကောင်စီသည် ပြီးခဲ့သည့် နှစ်နှစ် အတွင်း ဆုံးရှုံးခဲ့သော နယ်မြေအချို့ကို ယခုအခါ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်၊၊

နေပြည်တော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့တပ်မတော်၏ ခမ်းနားထည်ဝါသော စစ်ရေးပြပွဲကို သူနောက်ဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပစဉ် သူ၏မိန့်ခွန်း၌ အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာရသော ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း အရိပ်အယောင်များ ရှိ၊ မရှိ ကျွန်ုပ်တို့ သေသေချာချာ နားထောင်ခဲ့ကြသည်၊၊ သို့သော် ဘာမျှမရှိခဲ့ပါ၊၊

ယင်းအစား စစ်တပ်က ကြားဝင်စွက်ဖက်ရခြင်းအပေါ် ယခင်က ကြားဖူးနားဝရှိပြီးသား ဖြစ်သည့် တောင်းပန်မှုမရှိသော ဆင်ခြေပေးချက်များကိုသာ ကျွန်ုပ်တို့ ကြားခဲ့ရသည်၊၊ စစ်သားများသည် “အမျိုးသားနိုင်ငံရေးတွင် အပြုသဘောဆောင်သော ပါဝင်ဆောင်ရွက်မှု” အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် စစ်တပ်သည်သာ ပါတီစုံ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူများ ဖြစ်သည်ဟု သူက ဆိုသည်၊၊

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများသည် “နိုင်ငံခြားကျူးကျော်သူများနှင့် ကိုယ်ကျိုးရှာ နိုင်ငံရေးအခွင့်အရေးသမားများ” ၏ ထောက်ပံ့မှုကို ရရှိထားသော “လက်နက်ကိုင် အကြမ်းဖက်ဂိုဏ်းများ” ဖြစ်သည်ဟု ဆိုသည်၊၊ မင်းအောင်လှိုင်သည် အရပ်ဝတ်လဲ လိုက်သော်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်ရာတွင် စစ်ဝတ်စုံဝတ်ထားစဉ်ကနှင့် ဘာမျှ ထူးခြားစွာ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း သူ၏မိန့်ခွန်းက သက်သေပြနေသည်၊၊

လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အချက်အလက်များကို စုဆောင်းသည့် ACLED အဖွဲ့မှ အကြီးတန်းသုတေသနအရာရှိ စုမွန်က “မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ပြောသည်၊၊

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး သစ္စာရှိသူတစ်ဦး ဖြစ်ပါတယ်၊၊ သူဟာ မင်းအောင်လှိုင်ရဲ့ လမ်းစဉ်အတိုင်းပဲ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့အတွက် ပထမဆုံးနဲ့ အဓိက လုပ်ဆောင်ပါလိမ့်မယ်၊၊ တော်လှန်ရေးအဖွဲ့တွေဟာ မြို့ပေါင်း ၉၀ ဝန်းကျင်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်၊၊ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ် ထားတဲ့ နယ်မြေတွေက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ နယ်မြေမီးရှို့စနစ်တွေ ပိုပြီးရှိလာပါလိမ့်မယ်”

အာဏာသိမ်းခံလိုက်ရသည့် အစိုးရကို ကိုယ်စားပြုသော၊ ထိုင်းနယ်စပ်အနီး တော်လှန်ရေး နယ်မြေများမှ လုပ်ဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲခြင်းမရှိပေ၊၊

NUG သည် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ၎င်းတို့၏ အာဏာသက်ရောက် စေရန် ရုန်းကန်နေရသော်လည်း၊ အစိုးရသစ်၊ လွှတ်တော်နှင့် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲတို့ကို လုံးဝတရားမဝင်ဟု ရှုမြင်ဆဲဖြစ်သည်၊၊ စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှား ရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု အခိုင်အမာဆိုသည်၊၊

“ဒါဟာ အပေးအယူလုပ်ရမယ့် အချိန်မဟုတ်ဘူး၊၊ အကယ်၍ စစ်တပ်က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို လက်မခံနိုင်ရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးက ဆက်သွားနေမှာပဲ၊၊ ကျွန်တော်တို့ ဆက်သွားရမယ်၊၊ အကယ်၍ ကျွန်တော်တို့ အခုလက်လျှော့လိုက်ရင် နောက်မျိုးဆက်တွေနဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ပိုပြီးတော့ ခံစားရပါလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူ နေဖုန်းလတ်က ပြောသည်၊၊

မင်းအောင်လှိုင်၏ အာဏာသိမ်းမှုသည် စီးပွားရေးကို အကြီးအကျယ် ထိုးနှက်ခဲ့သည်၊၊

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လူပေါင်း ၁၆ သန်းကျော်သည် အရေးပေါ်အကူအညီများ လိုအပ်နေသည်၊၊ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ အရေအတွက်မှာ လေးသန်းနီးပါး ရှိလာနေပြီဖြစ်သည်၊၊ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် လူနေမှုအဆင့်အတန်းများ ပြိုလဲသွားခဲ့သည်၊၊

ယခုအခါ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီပြတ်လပ်မှုက အခြေအနေကို ပိုမိုဆိုးရွားစေသည်၊၊

မြန်မာနိုင်ငံသည် ၎င်း၏ ရေနံနှင့် စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကို တင်သွင်းနေရခြင်းဖြစ်ပြီး၊ ယခုအခါ အိမ်နီးချင်းနိုင်ငံများက တင်ပို့မှုကို ကန့်သတ်လိုက်သည်၊၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ကို ခွဲတမ်းဖြင့် ရောင်းချနေရပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံထက် သိသိသာသာ မြင့်မားနေသော စျေးနှုန်းများမှာလည်း အဆမတန် ထိုးတက်သွားခဲ့သည်၊၊

“အခုအချိန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က အခြေအနေဟာ နေ့နဲ့ညလို ကွာခြားသွားပြီ” ဟု ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်မှ ဆိုင်ကယ်ကယ်ရီသမား ဦးတင်ဦးက ပြောသည်၊၊ “ကျွန်တော်တို့ ရှာရတဲ့ငွေက အိမ်လခနဲ့ စားစရိတ်အတွက်တောင် မလောက်တော့ဘူး”

သူသည် အစိုးရသစ်အပေါ် ယုံကြည်မှုမရှိပေ၊၊

“သူတို့ ကျွန်တော်တို့အကြောင်း ဂရုစိုက်မှာမဟုတ်ဘူး၊၊ ကျွန်တော်တို့ဟာ ကိုယ့်ဖာသာကိုယ်ပဲ အားကိုးနေရဦးမှာပါ၊၊ ဒီနေ့ခေတ်မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့ဆိုတာ အရမ်း ခက်ခဲ သွားပြီ၊၊ မရိုးသားရင်တော့ ချမ်းသာနိုင်တာပေါ့”

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှာ လျှပ်စစ်မီးကို မီးစက်များပေါ်တွင်သာ အဓိက အားကိုးနေရသောကြောင့် စက်သုံးဆီပြတ်လပ်မှုမှာ အကြီးအကျယ် ထိခိုက်စေသည်၊၊ ရန်ကုန်မြို့ အတော်များများတွင် လျှပ်စစ်မီးမှာ တစ်နေ့လျှင် နာရီအနည်းငယ်သာ ရရှိတော့သည်၊၊

ဤမျှော်လင့်ချက်မဲ့နေသော အခြေအနေဆိုးအတွင်း၊ စစ်အစိုးရလက်ထက် အကျဉ်းထောင် များတွင် နှစ်ပေါင်းများစွာ နေခဲ့ရသော ဝါရင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးမြအေးက ဤအကျပ်အတည်းမှ ထွက်ပေါက်မှာ စစ်တပ်နှင့် အတိုက်အခံများအကြား အပေးအယူ လုပ်ရန်သာဖြစ်ကြောင်း ယခုသီတင်းပတ်အတွင်း ဆင်ခြင်တုံတရားဖြင့် အဆိုပြုခဲ့သည်၊၊

သူသည် သူနှင့်သဘောထားချင်းတိုက်ဆိုင်သူများကို စုစည်းကာ တွေ့ဆုံဆွေးနွေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ကောင်စီသစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်၊၊ သူနှင့်အတူ ထင်ရှားသော နိုင်ငံရေးသမားအချို့ ပါဝင်နေသလို အခြားလူအများအပြားနှင့်လည်း လျှို့ဝှက်ဆွေးနွေးနေသည်ဟု သူက ဆိုသည်၊၊

“ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ပါဘူး၊၊ ဒါဟာ မင်းအောင်လှိုင်က သူ့ပြည်သူတွေအပေါ် ကစားနေတဲ့ ကစားပွဲတစ်ခုပဲ၊၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ရှေ့ဆက်လို့မရဘူး၊၊ ဒါပေမဲ့ ပြည်သူတွေကတော့ ဒီအခြေအနေကို အရမ်းပင်ပန်းနေကြပြီ၊၊ ထွက်ပေါက်တစ်ခု မရှာနိုင်ရင် တိုင်းပြည်က ပြိုလဲသွားလိမ့်မယ်၊၊ တကယ်တော့ အခုတောင် ပြိုလဲနေတဲ့ အနေအထားမှာ ရှိနေပါပြီ” ဟု သူက ပြောသည်၊၊

အကျဉ်းကျနေသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက် လာပါက သူမသည် အသက် ၈၀ အရွယ်ရှိနေပြီဖြစ်သော်လည်း လက်ခံနိုင်လောက်သော အပေးအယူတစ်ခုရရှိရန် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု သူက ဆိုသည်၊၊

မင်းအောင်လှိုင်သည် အာဏာသိမ်းရန် ဆုံးဖြတ်ချက်ချရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သော သမ္မတဖြစ်ရေး ရည်မှန်းချက်ကို နောက်ဆုံးတွင် ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်သဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် လွှတ်ပေးနိုင်သည်ဟူသော ပြောဆိုချက်များလည်း ထွက်ပေါ်နေသည်၊၊

သို့သော် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် လမ်းစရှိသည်ဆိုလျှင်ပင် ယင်းမှာ အလွန် ကျဉ်းမြောင်းသော လမ်းစသာဖြစ်ပြီး၊ လက်ရှိအချိန်ထိ နိုင်ငံ၏ စစ်အုပ်ချုပ်သူများက ထိုလမ်းကို လျှောက်လှမ်းလိုသည့် အရိပ်အယောင်မျိုး မတွေ့ရသေးပေ၊၊

ဂျိုနသန်ဟတ်ဒ်/ BBC မြန်မာနိုင်ငံသည် စစ်ခေါင်းဆောင်များ၏ လက်ခုပ်ထဲတွင်သာ ဆက်ရှိနေဦးမည်ဖြစ်သောကြောင့် လူအများအပြားအတွက် ပြောင်းလဲမှုမှာ အနည်းငယ်သာ ရှိလိမ့်မည်။ (ဓာတ်ပုံ)

ဂျိုနသန်ဟတ်ဒ်/ BBC ပြည်တွင်းစစ်က တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေသော်လည်း မြန်မာစစ်ကောင်စီသည် နှစ်စဉ် ခမ်းနားသော စစ်ရေးပြပွဲကို ကျင်းပမြဲဖြစ်သည်။ (ဓာတ်ပုံ)

လူလူလော့/ BBC ငါးနှစ်တာ ပဋိပက္ခများဖြစ်ပွားပြီးနောက် မြန်မာပြည်သူများသည် ပင်ပန်းနွမ်းနယ်နေကြပြီး ၎င်းတို့၏ အနာဂတ်အတွက် မရေမရာဖြစ်နေကြသည်။ (ဓာတ်ပုံ)

လူလူလော့/ BBC နေ့စဉ်ဘဝသည် အကြီးအကျယ် ရုန်းကန်နေရကြောင်း ဦးတင်ဦးက ပြောသည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ