ဧပြီလ (၂)ရက်။
မင်းအောင်လှိုင် သမ္မတအနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သလို ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ ဝ” ပြည်နယ်ဟာ နိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံကနေ ခွဲထွက်တာ၊ သီးခြားလွတ်လပ်ဖို့ကို ကြေညာတာမရှိစေဖို့ အခိုင်အမာ ရပ်တည်ထားတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး “ ဝ” ပြည်နယ်အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ ဆက်လက်ထိန်းသိမ်းမှာဖြစ်သလို နိုင်ငံရဲ့ မူဘောင်အောင်မှာ မင်းအောင်လှိုင်အစိုးရနဲ့ ညှိနှိုင်းပူးပေါင်းသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းတာတွေကတဆင့် နိုင်ငံရေးဆန္ဒတွေကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေးဆောင်ရွက်မယ်လို့ ရေးသားထားပါသေးတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းတည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောမှုတို့ကို အမြန်ဆုံး ရရှိမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။









