ဇန်နဝါရီလ (၅)ရက်။
မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတာ။ လူထိခိုက်သေဆုံးတာက Halta ရွာမှာ၊ မိသားစုဝင် (၄)ဦးမှာ (၃)ဦး ပွဲချင်းပြီး သေဆုံးသွားတာ” လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဟားခါးမြို့ရှိ Halta ရွာနဲ့ Haiphai ရွာတို့ကို လေကြောင်းဗုံးကြဲခဲ့တာဖြစ်ပြီး Halta ရွာက မိသားစုဝင် (၄)ထဲက သားအမိ (၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ဖခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ အဲ့ဒီရွာတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲခဲ့တာ။ လူထိခိုက်သေဆုံးတာတွေကော အရပ်သားနေအိမ် ထိခိုက်ပျက်စီးတာတွေပါရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ဟားခါးမြို့ရှိ Halta ရွာနဲ့ Haiphai ရွာတို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ အကြောင်းမဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။









