နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

မတ်လ (၅)ရက်။

နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။

“ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး ဆိပ်ကမ်းမှာ အခု ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော (၂)စင်း ရှိပါတယ်။ ဝယ်ထားပြီးသား လမ်းမှာလဲ စက်သုံးဆီ သင်္ဘော (၁၄)စင်း ရှိပါတယ်” လို့ ဆိုပါတယ်။

ဇော်မင်းထွန်းက ပြောဆိုတဲ့အထဲ ဆိပ်ကမ်းမှာ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော (၂)စင်းရှိသလို ဝယ်ထားပြီး လမ်းမှာ စက်သုံးဆီ သင်္ဘော (၁၄)စင်းရှိကာ အဲ့ဒီသင်္ဘောတွေဟာ ရက်ပိုင်းထဲ ရောက်လာနိုင်တယ်လို့ သိရပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံဟာ ဆီတင်ပို့တာ ပိတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြန်မာအနေနဲ့ ဆီတင်သွင်းတာဟာ စင်္ကာပူနဲ့ မလေးရှားတို့ကဖြစ်ပြီး ရေနံချက်စက်ရုံ‌တွေရှိတာကြောင့် ရပ်နားမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် သူတို့ဟာ အရှေ့‌အလယ်ပိုင်းက ရေနံမရရင်လဲ ရတဲ့နိုင်ငံကနေ တင်သွင်းပြီး လည်ပတ်မှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိဘူးလို ဆိုထားပါသေးတယ်။

ဒါပေမယ့် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စက်သုံး‌ဆီတွေရဲ့ ဈေးနှုန်းဟာ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ ဖြစ်လာနိုင်ကာ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိတယ်လို့ ဇော်မင်းထွန်းက ‌ပြောဆိုထားပါတယ်။

စစ်ကော်မရှင်က စက်သုံးဆီနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ ပြောဆိုနေပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီးတွေက စက်သုံးဆီဆိုင်တွေမှာတော့ အလုအယက် တန်းဆီဝယ်ယူနေကြပါတယ်။

“ ရန်ကုန်မှာက တချို့ဆိုင်တွေကြတော့ သူတို့ပေးသလောက်ဘဲရတယ်။ တချို့ဆိုင်တွေကျတော့ သီလဝါမှာ ဆီတင်နေလို့ဆိုပြီး ဆိုင်ပိတ်ထားကြတယ်။ စကမက‌ ဆီအလုံအလောက်ရှိတယ်ဆိုပြီး ပြောနေပေမယ့် ဘယ်ပြည်သူကမှ မယုံလို့ အခုလို တန်းဆီဝယ်နေရပြန်တာ” လို့ မြို့နေပြည်သူတဦးက ဆို‌ပါတယ်။

စက်သုံးဆီတွေကို တန်းဆီဝယ်ယူနေပေမယ့် တချို့ဆိုင်တွေမှာ လိုသလောက် ဝယ်ယူလို့မရတာတွေနဲ့ ဆိုင်ပိတ်တာတွေ ဖြစ်နေကာ စစ်ကော်မရှင်ကတော့ ဆီမရောင်းတဲ့ဆိုင်တွေရှိရင် တိုင်ကြားဖို့ဆိုပြီး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 18 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 30 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့