နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

မတ်လ (၅)ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ ပိတ်သိမ်းတာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

နောက်ပြီး အီးယူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့နဲ့ အကြမ်းဖက်မှု လျော့ချဖို့ တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ဖို့တို့ကို ဆက်လက်ထောက်ခံအားပေးတယ်ဆိုပြီးလဲ ပြောဆိုထားပါသေးတယ်။

မတ်လ (၂)ရက်နေ့က စစ်ကော်မရှင်ဟာ ၅၀(ည)၊ ၅၂(က)နဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၇၃၀၀)ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် (၄၀၀၀)ကျော်သာ ပြန်လွတ်လာတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတယ်ဆိုပေမယ့် အကျဉ်းထောင်တွေမှာတော့ နာမည်စာရင်းသာပါပြီး မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေပါသေးတယ်။

စစ်တပ်အာဏာလုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း (၃၀၀၀၀)ကျော်ရှိခဲ့ကာ အဲ့ဒီအထဲက (၁၁၀၀၀)ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 9 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 10 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 9 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 30 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 24 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM ထံက သိရပါတယ်။ “ ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ဖမ်းခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 46 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 39 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 38 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများနှင့် အစိုးရခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားကာ လေကြောင်းမှ