ဇန်နဝါရီလ (၆)ရက်။
ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။
ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့ နောက်ဆုံးထားကာ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ အသိပေးအကြောင်းကြားတာလို့ ဆိုပါတယ်။
အခုလို အသိပေးအကြောင်းကြားတာဟာ ပြည်သူတွေအနေနဲ့ တခြားမြို့တွေလို စစ်ကော်မရှင်ရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုမခံရစေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
ဝန်းသိုမြို့မှာ စစ်ကိုင်းအခြေစိုက် စစ်တပ်ရဲ့ တပ်မ(၃၃)လက်အောက်ခံတွေဖြစ်တဲ့ ခမရ(၁၂၀)နဲ့ ခမရ(၁၁၁) တပ်ရင်း(၂)ရင်းတို့ရှိတာဖြစ်ပါတယ်။
ဒါ့အပြင် အခုအခါမှာ စစ်တပ်က ဝန်းသိုနယ်ရှိ ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေရှိသလို မကြာမီရက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။







