နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

ဇန်နဝါရီလ (၆)ရက်။

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားတာဟာ သူတို့ရဲ့အာဏာတည်မြဲဖို့အတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲဖြစ်ပါတယ်။ NUG ဟာ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်” လို့ သူက ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေဟာ အစားထိုးမရနိုင်အောင် ကြီးမားပြီး နုန်းမြေစီးဆင်းတာ ရပ်တန့်သွားရင် ဧရာဝတီတိုင်းက လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို ဆန်တက်လာပြီး မြစ်ဝကျွန်းပေါ်ဒေသတခုလုံး စိုက်ပျိုးလို့မရအောင် ပျက်စီးသွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းငလျင်ပြတ်ရွေ့နဲ့ နီးကပ်လွန်းတာကြောင့် ဆည်ရေကျိူးပေါက်ခဲ့ပါက ကချင်ပြည်နယ်ရှိ မြို့ကြီးတွေဟာ မိနစ်ပိုင်းထဲ ရေအောက်ရောက်သွားမယ့်အန္တရာယ်ရှိတယ်လို့ ဆိုထားပါတယ်။

NUG အနေနဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံရဲ့ သဘာဝသယံဇာတကို ရောင်းစားပိုင်ခွင့်၊ နိုင်ငံတကာစာချုပ်တွေ ချုပ်ဆိုပိုင်ခွင့်မရှိသလို စစ်အုပ်စုနဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေဟာ စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တဖက်မှာတော့ စစ်အုပ်စုဟာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့နှစ်ထဲ “ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့” ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 0 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ်
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology