နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

ဖေဖော်ဝါရီလ (၆)ရက်။

မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ဆရာ၊‌ဆရာမများအသင်းနဲ့ ကျောင်းသားများသမဂ္ဂက ဒီကနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ပါရဂူဘွဲ ထိုးပေးတာဟာ စစ်အုပ်စုကို မျက်နှာချိုသွေးကာ ဘွဲတံဆိပ်ကို တံစိုးလက်ဆောင်အနေနဲ့ အသုံးပြုပြီး အာဏာပိုင်တွေရဲ့ ဘွဲကတ်ပြားရောင်းစားတာကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

စာသင်ကျောင်းတွေကို ဗုံးကြဲကာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေတဲ့ စစ်ရာဇဝတ်တရားခံ မင်းအောင်လှိင်ရဲ့ကိုယ်မှာ ကျောင်းသားကျောင်းသူတွေရဲ့ သွေးတွေ စွန်းပေနေတယ်လို ဖော်ပြထားပါတယ်။

‌ဒီလိုညစ်ထေးတဲ့ကိုယ်နဲ့ ဆင်မြန်းခဲ့တဲ့ ဘွဲဝတ်ရုံ၊ သွေးစွန်းတဲ့လက်နဲ့ ကိုင်တွယ်ခဲ့တဲ့ ဘွဲလက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲနှင်းသဘင်ခန်းမလဲ သွေးညှီနံ့တွေ လှိင်နေပြီလို ရေးသားထားပါတယ်။

နောက်ပြီး စစ်အုပ်စုခန့် ပညာရေးဝန်ကြီးဆိုသူ ချောချောစိန်နဲ့ ပါမောက္ခချုပ်ဆိုသူ တင်မောင်ထွန်းတိုက ရာထူးနေရာ တည်မြဲဖိုအတွက် ငရဲခွေးကြီးကို ဘွဲဝတ်ရုံဆင်မြန်းပေးတာဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကို ထင်ရှားစွာ ဖော်ကျူးပြလိုက်တာလို ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ကျွန်ပညာရေးစနစ် တည်ရှိနေသရွေ့ ဒီလိုမျိုး စက်ဆုတ်ရွံရှာစရာဖြစ်ရပ်တွေ ထပ်မြင်တွေ့ရမှာဖြစ်သလို စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်လဲ သက်ဆိုးရှည်နေမယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှ အားလုံးနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ဝန်ထမ်းနဲ့ ဆရာအင်အားစုတွေက သဘောထားထုတ်ပြန်ထားတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 33 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က