ဖေဖော်ဝါရီလ (၆)ရက်။
တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေအားလုံးကို မြေပြင်စစ်ရေးအခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားတယ်လို ဆိုပါတယ်။
ဒါ့ကြောင့် ဒီကနေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့ကစပြီး အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ လမ်းပိုင်းတွေမှာ လုံးဝ အသုံးပြု သွားလာတာမပြုလုပ်ကြဖို အသိပေးထားပါတယ်။
နောက်ပြီး စစ်တပ်ရဲ့ စစ်ကြောင်းအချိုဟာ ဖရူဆို-ထားလဲ လမ်းမကြီးပေါ်နဲ့ နန်းဖဲရွာဘက်ကို မနေ့ကစပြီး စစ်ကြောင်းထိုးလှုပ်ရှားနေကာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တာတွေရှိတယ်လို ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေ အသုံးပြုသွားလာနေတဲ့ လမ်းကြောင်းတွေနဲ့ နီးစပ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးကို အလေးထားကာ အဲ့ဒီလမ်းတွေကို အသုံးပြုသွားလာတာ မပြုကြဖို အထူးမေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ဒီးမော့ဆို – ဖရူဆို -ထားလဲ -နန်းဖဲ- ဘောလခဲ လမ်းမကြီးနဲ့ လမ်းမကြီးအပေါ် ဖြတ်သန်းသွားလာရတဲ့ လမ်းသွယ်တွေအားလုံး ရက်အကန့်အသက်မရှိ ပိတ်ထားမယ်ဆိုပြီး အသိပေးထားတယ်လို သိရပါတယ်။








