နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၁၀)ရက်။

ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ ‌အင်အား (၂၀)လောက်ပါတဲ့ ထော်လာဂျီတစီးနဲ့ ကင်းထောက်ဆိုင်ကယ် (၂)စီးကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။

နမခအနီး အထိုင်ချတပ်စွဲထားတဲ့ ကာကင်းစခန်းကနေ ထွက်လာတဲ့ အင်အား (၂၀)ခန့်ပါ ထော်လာဂျီ (၁)စီးနဲ့ ကင်းထောက်ဆိုင်ကယ် (၂)စီးကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က နှစ်ပွင့်ဗိုလ် (၁)ဦးအပါအဝင် (၆)ဦး သေဆုံးတာကို အတည်ပြုထားနိုင်ခဲ့ပြီး ဒုတပ်ကြပ် (၁)ဦး အပြင်းအထန် ထိခိုက်ကာ (၁၀)ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ စစ်ကော်မရှင်ဆီကနေ သေနတ် (၂)လက် သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ရဲ့ နမခနဲ့ အမတ(၅၀၅)ကနေ လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့တယ်လို့ ‌ပြောဆိုထားပါတယ်။

အဲ့ဒီနောက် စစ်ကော်မရှင်က အင်အား (၂၀၀)ပါ စစ်ကြောင်းအပြင် တင့်ကား (၁)စီးနဲ့ ပွိုင့်ဖိုက်ပါ သံပြားကာကား (၃)စီးနဲ့ စစ်ကြောင်းထိုးပြီး အရေးပေါ်ကား (၂)စီးနဲ့ အလောင်းတွေ၊ ဒဏ်ရာရသူတွေကို လာသယ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ Black Falcon တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ်(၂၄)တပ်ရင်း တပ်ခွဲ(၃)၊ BLDF၊ တိုက်နယ် (၅)ပလဖ၊ ကနောင်မင်းသားကြီးတပ်ဖွဲ့၊ သွေးသောက်ညီကိုတပ်ဖွဲ့၊ Three Star တပ်ဖွဲ့နဲ့ အမေ့သားတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးထဲ PLA က ရဲဘော် (၁)ဦး ကျဆုံးခဲ့သလို မဟာမိတ်တပ်ဖွဲ့က ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 31 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 39 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 30 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့