“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား”
ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို ဆွေးနွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ မြန်မာစံတော်ချိန်ည၇နာရီခွဲမှာ ခေတ်မျက်လုံးရဲ့ Era’s Eye YouTube Channel ကနေ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဝေဖန်ပြောကြားသွားကြမှာဖြစ်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့








