ဖေဖော်ဝါရီလ (၁၁)ရက်။
မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို ဆိုပါတယ်။
အဲ့ဒီစစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ KNLA တပ်မဟာ(၄)ရဲ့ တပ်ရင်း(၁၂)နဲ့ တပ်မဟာ(၆) တပ်ရင်း (၂၇) ပူးပေါင်းစစ်ကြောင်းတို တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က (၉)ဦး သေဆုံးခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဆီကနေ MA-1 (၂)လက်၊ MA-3 (၅)လက်နဲ့ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။









