ဇန်နဝါရီလ (၁၂)ရက်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ မြောက်ပိုင်းဒေသအားလုံး တည်ငြိမ်အေးချမ်းစေဖို့ တရုတ်အစိုးရက ကြားဝင်ပြီး စစ်တပ်နဲ့ TNLA တို့ ကူမင်းမြို့မှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအပစ်ရပ်စာချုပ်ကြောင့် အခု (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ တအာင်းပြည်ထဲ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်တန့်ပြီး ပြည်သူတွေ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ လက်နက်ကြီး ပစ်ခတ်ခံရတာကနေ သက်သာခွင့်ရလာတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး မြန်မာပြည်တဝှမ်းလုံး ပစ်ခတ်တိုက်ခိုက်တာတွေ အဆုံးသတ်ပြီး စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲတာတွေ ပေါ်ပေါက်စေဖို့ TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဆန္ဒပြုရေးသားထားပါတယ်။
ဒါ့အပြင် တအာင်းအမျိုးသားတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ပြည်သူနဲ့အတူ ရောက်ရှိစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လဲ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားပါတယ်။
တဖက်မှာတော့ အပစ်ရပ်ပြီးနောက် TNLA က ဆုတ်ခွာခဲ့ရတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို စစ်တပ်ဆီကနေ ပြန်လည်ရရှိဖို့ NUG က ဒေသစစ်ဆင်ရေးတွေနဲ့ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။








