ဇန်နဝါရီလ (၁၃)ရက်။
မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို မင်းတုန်း-သရက်လမ်းပိုင်းလမ်းပိုင်းမှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ အဲ့ဒီမှာ (၁၅)မိနစ်လောက် တိုက်ပွဲပြင်းထန်ခဲ့တယ်” လို့ ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ မင်းတုန်း-သရက်လမ်းပိုင်းအတိုင်း နယ်မြေရှင်းလင်း စစ်ကြောင်းထိုးလာချိန် သဖန်းကိုင်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ (၁၅)မိနစ်ကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်တပ်ဘက်က (၄)ဦး ထိမှန်သေဆုံးခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ မင်းတုန်းမြို့ပေါ်မှာ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)အတွက် စစ်အင်အား အများအပြား ဖြည့်တင်းပြီး အတင်းအကျပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။








