ဇန်နဝါရီလ (၁၄)ရက်။
ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3 (၁)ဦး၊ တပ်ရင်းမှူး (၁)ဦး၊ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၁)ဦး၊ တပ်ကြပ်ကြီး (၁)ဦးနဲ့ ဒုတပ်ကြပ်(၁)ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေထဲ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၂)ဦး၊ ဗိုလ် (၂)ဦး၊ ဒုဗိုလ် (၁)ဦး၊ ဆေးတပ်တာဝန်ခံ (၁)ဦးနဲ့ ဒုတပ်ကြပ် (၁)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ အဆောက်အဦး (၁၆)လုံးကို ဖျက်ဆီးနိုင်ခဲ့သလို KNLA ဘက်က အသက်နဲ့ခန္ဓာ ပေးဆပ်ခဲ့ရသူတွေလဲ ရှိတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီကာလထဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာ (၅၀)ကြိမ်၊ ဂျက်ဖိုက်တာနဲ့ (၁၀၃)ကြိမ်၊ ၁၂၂မမ/၁၂၀မမ/၆၀မမတို့နဲ့ ပြည်သူတွေရှိတဲ့ နေရာကို (၆၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၈)ဦးသေဆုံးကာ (၃၈)ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ သူလက်လွှတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေနဲ့ အတုအယောင်ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေကို ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။








