နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

မတ်လ (၁၄) ရက်။

စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

“ စစ်ကိုင်းက ကြေးနီစက်ရုံကို တရက်ကို လက်နက်ကြီး (၁၀)လုံးနဲ့ တပတ်တိတိပစ်ဖို့ KIA က လက်နက်ကြီး အလုံး (၁၀၀) NUG ကို ပို့ခဲ့တာ။ အဲ့ဒါက ပြီးခဲ့တဲ့ (၃)လလောက်ကပေါ့၊ ဒါကို NUG က သူ့အောက်က local PDF (၁၁)ယောက်အဖွဲ့ကို တာဝန်ပေးတာ။ သူတို့ကလည်း ခိုင်းတဲ့အတိုင်း ပစ်ကြတယ်” လို့ မြေပြင်ခေါင်းဆောင်က ဆိုပါတယ်။

ကြေးနီစက်ရုံကို တနေ့ လက်နက်ကြီး (၁၀)လုံး နဲ့ (၇)ရက်ဆက်တိုက် ပစ်ခတ်ဖို့ KIA က NUG ကို ၁၀၇ မမ အလုံး(၁၀၀) ပို့ခဲ့ပြီး NUG ဟာ သူ့လက်အောက်ရှိ (၁၁) ယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို စေခိုင်းခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလိုစေခိုင်းတာကြောင့် local PDF အဖွဲ့ဟာ ကြေးနီစက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ထဲ တရုတ်နိုင်ငံသားအလုပ်သမား ၁၀ယောက်ကျော်ထိခိုက်သေဆုံးတယ်လို့ဆိုတယ်။

“ အဲ့ဒီမှာ တရုတ်နိုင်ငံသားတွေ သေဆုံးဒဏ်ရာရတာရှိတယ်။ ဒါကြောင့် တရုတ်ဘက်က စီမံကိန်းကို (၃)လရပ်နားပါတယ်ဆိုပြီး ကြေညာတယ်။ လက်နက်ကြီးနဲ့ ထုတာကို NUG က နာမည်မခံဘူး။ ဘယ်အဖွဲ့က ထုတယ်ဆိုတာလဲ မသိဘူးဆိုပြီးလုပ်တယ်။ ပစ်တဲ့ပစ္စည်း တွေကလဲ KIA ပစ္စည်းတွေ၊ ပြီးတော့ NUG ကို တရုတ်ထောက်လှမ်းရေးနဲ့ တွေ့လို့ရအောင် လည်း ဗိုလ်ချုပ်ဂွမ်မော်ကပဲကြားကနေ လုပ်ပေးလိုက်တာ” လို့ သူက ဆက်ပြောပါတယ်။

ဝမ်ပေါင် ကြေးနီစက်ရုံကို ပစ်ခတ်တာမှာ KIA က NUG ကို လက်နက်ကြီးတွေ ပံ့ပိုး ပေးခဲ့တာ ရှိပေမယ့် လက်တွေ့မှာတော့ NUG ဘက်က ငြင်းဆိုပြီး ဒေသခံအဖွဲ့တွေ ဖက်ကပစ်တာလို့ ပြောဆို ခဲ့ပြီး ဒီလိုပစ်တာကိုသူတို့အနေနဲ့တားဆီးပေးမယ်ဆိုပြီး တရုတ်နဲ့ ဆွေးနွေး ညှိနှိုင်း တာတွေ ရှိခဲ့တာသိရှိခဲ့ရကြောင်း သူကဆိုခဲ့တယ်။

အဲ့ဒီလိုဆွေးနွေးပြီး ၂ ရက်လောက်နေတော့ ဂိုင်ရိုကော့ပတာနဲ့ အဲဒီဝမ်ပေါင်ထဲကို တကယ်ပစ်တဲ့ တပ်ဖွဲ့ဝင် (၁၁) ဦးစလုံး နေထိုင်တဲ့ NUG ရဲ့ စစ်ကိုင်းတိုင်းဝန်ကြီး ကိုကိုအောင်ရဲ့ စခန်းကိုအတိအကျလာပစ်ပြီး ဗုံးကြဲခဲ့တဲ့အတွက် တပ်ဖွဲ့ဝင် (၁၁) ဦးစလုံး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ အခုဖြစ်တာတွေက တဖက်မှာ ဆွေးနွေးပြီးတော့ (၂) ရက်လောက်မှာ စကစက အဲ့ဒီ local PDF အဖွဲ့ကိုပစ်မှတ်ထားပြီး အတိအကျ ဗုံးလာကြဲသွားတာဆိုတော့ ဆက်စပ်တာတွေ ရှိတယ်လို့ ပြောလို့ရတယ် တိုက်ဆိုင်မှုလို့မမြင်ဘူး။ အဲ့ဒီဖြစ်စဉ်မှာ တကယ်တိုက်နေတဲ့ တပ်ဖွဲ့တဖွဲ့ ပျက်စီး သွားတယ်။ နောက်ပြီး ရဲဘော် (၁၁) ဦးလည်း ကျဆုံးသွားရတယ်။ အဲ့ဒီရဲဘော်တွေရဲ့ အလောင်းကို ကျနော် ကိုယ်တိုင် မြေမြုပ်ပေးခဲ့တာ။ NUG က အမိန့်ပြန်တမ်းတောင် မလုပ်ပေးဘူး” လို့ သူက ပြောပါတယ်။(မှတ်ချက်။ ဒီကိစ္စကို ဘိုးတော်နီကလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဗီဒီယိုနဲ့တဆင့် အသိပေးခဲ့ပါသေးတယ်။)

စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် သေဆုံးသွားခဲ့တဲ့ NUG လက်အောက်ခံ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော် (၁၁) ဦးရဲ့ ရုပ်အလောင်းကို တာဝန်မယူဘဲ ပစ်ထားတာကြောင့် ဒေသခံ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ BNRA အဖွဲ့က ကိုလတ်တို့က သွားရောက် မြှုပ်နှံပေးခဲ့ရတယ် ဒီအချက်ကိုနင်းပြီး NUG က ကြေးနီစက်ရုံကို BNRA က ပစ်ခတ်တာဖြစ်တယ်လို့ တရုတ်ဘက်ကို ပြောဆိုခဲ့ပြီး သူတို့တာဝန်ယူ တားဆီးပေးမယ်လို့ အာမခံခဲ့တယ်လို့ သူက ဆက် ပြောပြခဲ့တယ်။

ခေတ်မျက်လုံးကို သူက သတင်းပေးပို့ ရှင်းလင်းပြောပြပြီး တစ်ရက်အကြာမှာ BNRA ကို NUG က တိုက်ခိုက်ဖြိုခွဲခဲ့ပါတယ်။

အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းပို့ပေးခဲ့တဲ့ မြေပြင်ခေါင်းဆောင်လည်း ပျောက်ဆုံးနေပြီး ဒီဖြစ်စဉ်ကို အသေးစိတ်သိရှိထားတဲ့ မြေပြင်သတင်းရင်းမြစ်လည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

ခေတ်မျက်လုံးအယ်တီတာအဖွဲ့မှတ်ချက်။

ခေတ်မျက်လုံးအနေနဲ့ ဒီသတင်းကို ဒေသခံနဲ့ အင်တာဗျူးထားတဲ့အသံဖိုင်ကို မှတ်တမ်း ရယူထားပြီး မြေပြင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်နဲ့လည်း အင်တာဗျူးထားတဲ့ အသံဖိုင်ကို ရယူထားပြီး ဖြစ်သော်လည်း မြေပြင်မှသူများ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် အသံဖိုင်များကို ထုတ်လွှင့်မည်မဟုတ်သော်လည်း အချိန်အခါကျလာလျှင် အသံဖိုင်များနှင့် ထုတ်လွှင့်တင်ပြသွားပါမယ်။

ဒါ့အပြင် ဘိုးတော်နီမှလည်း အဖမ်းမခံရခင် ဒီကိစ္စကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်နဲ့တကွ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ “လက်ပံဝောင်းတောင် အကျိုးစည်းပွား နိုင်ငံရေး အာဏာ အားပြိုင်မူမှာ တကယ်ပေးဆပ်လိုက်ရတဲ့ ရဲဘော် ၁၁ ယောက်က မြေဇာပင်ပေါ့။ မှတ်ချက် ဆားလင်း ကြီးမြိုနယ်အတွင့် လေကြောင်း တိုက်ခိုတ်ခံရသော ရဲ့ဘော်များမှတ်တမ်း” ဆိုပြီး တင်သွားခဲ့ပါတယ်။

NUG လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ဘိုးတော်နီကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ သတင်းမကြားရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 13 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ