နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

ဇန်နဝါရီလ (၁၇)ရက်။

ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။

“ ဝမ်ပေါင်ယန်စီကုမ္ပဏီနားက ရွာကို ယန်စီကုမ္ပဏီထဲက စကမစစ်ကြောင်းက အင်အား (၁၀၀)ကျော်လောက်နဲ့ စစ်ကြောင်းထိုးတာ၊ အဲ့ဒီစစ်ကြောင်းထိုးတဲ့အချိန်မှာပဲ လက်နက်ကြီးတွေ ပစ်ခတ်ဝင်လာလို့ ရွာက အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။

ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ရွာကို အဲ့ဒီကုမ္ပဏီထဲက စစ်တပ်စစ်ကြာင်းဟာ အင်အား (၁၀၀)ခန့်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဝင်ရောက်ခဲ့ကာ အသက်(၄၀)အရွယ် အရပ်သားတဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ လက်နက်ကြီးထိမှန်ပြီး သေဆုံးတဲ့သူက အသက်(၄၀)အရွယ် ယန်စီဝန်ထမ်း Lock control လုံခြုံရေးဌာနက၊ ရွေးကောက်ပွဲရော စက်ရုံလည်ပတ်နေတဲ့ အကြောင်းအရာတွေကြောင့် အခုလို စစ်ရေးခြေနေ ဖြစ်သွားတာ။ ပြီးတော့ PDF ကလဲ ကုမ္ပဏီဝန်းကျင်ကို လက်နက်ကြီးထုတော့ စကမတွေက မဆီမဆိုင် ဘေးရွာတွေက ပြည်သူတွေကို လက်နက်ကြီးထုပြီး သတ်ဖြတ်သွားတာ” လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်တပ်ရဲ့ စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရွာထဲရှိ ပြည်သူ (၁၀၀၀)ကျော်ဟာ အရေးပေါ်စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် အရေးပေါ်စစ်ဘေးရှောင်တွေဟာ အခုအချိန်အထိ ရှိနေသေးပြီး လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကွန်ရက်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 16 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 15 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 14 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 12 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 31 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 24 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM ထံက သိရပါတယ်။ “ ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ဖမ်းခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 46 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 40 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး