မတ်လ (၁၈)ရက်။
MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို တွေ့ဆုံဆွေးနွေးနေတယ်ဆိုတာကို သတင်းကြားသိရတဲ့အတွက် အထူးဝမ်းမြောက်ရတယ်လို ဆိုပါတယ်။
နောက်ပြီး တော်လှန်ရေးအဖွဲတွေရဲ့ ခေါင်းဆောင်တွေဖြစ်တာကြောင့် တော်လှန်ရေးမျက်နှာကို ရှေးရှုပြီး တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ အောင်မြင်စေဖို့ကိုလဲ ယာယီသမ္မတ ဒူဝါလရှီးလက ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
MNDAA နဲ့ TNLA တိုဟာ ဖေဖော်ဝါရီလကစပြီး နယ်မြေအုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေနဲ့ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီးနောက် တလအကြာမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီနောက် မတ်လ (၁၆)ရက်နေ့မှာတော့ နှစ်ဖက်တပ်တွေအကြား အပစ်ရပ်ဖို ကနဦးသဘောတူညီခဲ့ကြပြီး မတ်လ (၁၇)ရက်နေ့မှာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲကို လောက်ကိုင်မြိုမှာ ပြုလုပ်ခဲ့တာပါ။
အခုအချိန်မှာတော့ နှစ်ဖက်တိုက်ပွဲတွေ မရှိတော့ပေမယ့် တွေ့ဆုံဆွေးနွေးပွဲအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတပ်ဖွဲတွေက တစုံတရာ ထုတ်ပြန်လာတာ မရှိသေးဘူးလို သိရပါတယ်။








