နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးခဲ့တယ်လို့ဆို

ဇန်နဝါရီလ (၁၉)ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက နေပြည်တော်ကို ဆင့်ခေါ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုခေါ်ယူတွေ့ဆုံချိန် စစ်ကော်မရှင်က တီမောနိုင်ငံအစိုးရအနေနဲ့ အာဆီယံပဋိညာဉ်နဲ့ ကတိကတိဝတ်တွေကို ချိုးဖောက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့အပေါ် အသိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဆန့်ကျင်ဖက်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတဲ့ကိစ္စကို စစ်ကော်မရှင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တာကို သတိထောက်လွှာ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဇန်နဝါရီလ (၁၄)ရက်နေ့က တီမောသမ္မတဟာ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတရုံးရဲ့ website မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခုလို စစ်ကော်မရှင်က ဆင့်ခေါ်သတိပေးတာ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် တီမောသမ္မတက NUG နဲ့ တွေ့ဆုံတာတွေကြောင့် စစ်ကော်မရှင်က သံရုံးတာဝန်ခံကို ဆင့်ခေါ်သတိပေးခဲ့ပြီး နိုင်ငံကနေ နှင်ထုတ်ခဲ့သလို အာဆီယံအဖွဲ့ဝင် လျှောက်ထားတာကိုလဲ ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် တီမောနိုင်ငံခြားရေးဝန်ကြီးက (၅၈)ကြိမ်မြောက် အာဆီယံအစည်းအဝေးမှာ စစ်ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ဖို့နဲ့ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာမယ်လို့ ကတိကဝတ်ပြုခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် အခုအခါ စစ်ကော်မရှင်ကို တီမောနိုင်ငံရဲ့ Public Prosecutor’s Office မှာ တရားစွဲမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စစ်ကော်မရှင်ဟာ သူတို့ကိုဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ လက်ခံတွေ့ဆုံတဲ့ တီမောနိုင်ငံကို ကန့်ကွက်ရှုတ်ချကာ ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို
မြန်မာသတင်း

နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်း‌ပယောဂကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းပယောက ကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တိုင်းရင်းသားညီအကိုတွေ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်ဟာ ဟန်ပြလွှတ်တော်လို့ CNF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ အတုအယောင်ရွေးကောက်ပွဲက ထွင်ပေါ်လာမယ့် ပြည်ထောင်စုလွှတ်တော်ဟာ ဟန်ပြလွှတ်တော်သာဖြစ်တယ်လို့ CNF ရဲ့ ဒီကနေ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင် ပြည်ထောင်စုလွှတ်တော်ဟာ အမျိုးသားညီလာခံလို (၁၄)နှစ်ကြာ အချိန်ဆွဲပြီး စစ်တပ်အာဏာတည်မြဲဖို့
မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ စစ်ရေးဖော်ဆောင်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစုပေါင်းစစ်ဆင်ရေးထဲ စစ်ကော်မရှင်စခန်း (၄)ခုကို
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို သိရပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့အတူ ကရင်အမျိုးသား
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို